
ဆယ်စုနှစ် တခုကျော်ကြာ ပဋိပက္ခဖြစ်အပြီး အစ္စလာမ္မစ် ဦးဆောင်တဲ့ ပုန်ကန်မှုက ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ကို ဖြုတ်ချပြီးတဲ့နောက် ဆီးရီးယားနိုင်ငံ ပြန်လည် တည်ဆောက်ရေးကို ပံ့ပိုးကူညီဖို့ သြဂုတ် ၁၂ ရက်မှာ အမေရိကန်နဲ့ ဆီးရီးယားအရာရှိတွေ ဂျော်ဒန်နိုင်ငံမှာ တွေ့ဆုံပွဲ ကျင်းပခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး အာဆဒ်အယ်လ် ရှီဘာနီနဲ့ ဆီးရီးယားဆိုင်ရာ အမေရိကန်သံတမန် သောမတ်စ် ဘားရက်ခ် တို့ အမ်မန်မြို့မှာ တွေ့ဆုံခဲ့တာပါ။
သြဂုတ် ၆ ရက်မှာ ဆီးရီးယား အစိုးရက လေဆိပ်အသစ် တည်ဆောက်ဖို့ ကာတာနိုင်ငံ UCC နဲ့ ဒေါ်လာ ၄ ဘီလီယံတန် သဘောတူညီချက်အပါအဝင် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိတဲ့ သဘောတူညီချက် ၁၂ ချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးပါပြီ။
အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းနဲ့ ဆီးရီးယား မြို့တော်မှာ မြေအောက်ရထားတည်ဆောက်ဖို့ ဒေါ်လာ ၂ ဘီလီယံ သဘောတူညီချက်တို့ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
Source:Reuters