Home
နိုင်ငံတကာ
ဂျော်ဒန်၊ ယူအေအီးနှင့် ဥရောပက ဂါဇာအတွက် အကူအညီများ လေကြောင်းမှ ကြဲချ
DVB
·
August 3, 2025
Photo: REUTERS/Dawoud Abu Alkas

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို သက်သာရာရစေဖို့အတွက် ဂျော်ဒန်၊ ယူအေအီးနဲ့ ဥရောပနိုင်ငံတွေဟာ အကူအညီ ပါဆယ်ထုပ်တွေကို လေကြောင်းကနေ  ကြဲချပေးခဲ့ပါတယ်။

စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြပြီး တော်ဝင်ဂျော်ဒန်လေတပ်က လေယာဉ် ၂ စင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ လေယာဉ် ၁ စင်း ၊ ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံမှ ၂ စင်း ၊ ပြင်သစ်မှ ၁ စင်းနဲ့ စပိန်နိုင်ငံမှ ၁ စင်းတို့ ဖြစ်ပါတယ်။ 

ဂျော်ဒန်စစ်တပ်က ဂါဇာကမ်းမြောင်ကို ပေးပို့ခဲ့တဲ့ အစားအစာနဲ့ ကလေးတွေအတွက် နို့ အပါအဝင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ တန်ချိန်  ၅၇ တန်ကို လေကြောင်းမှ ၇ ကြိမ် ချပေးခဲ့တယ်လို့ သြဂုတ် ၁ ရက်မှာ ပြောပါတယ်။ 

ဂျာမနီလေတပ်ကလည်း ဂါဇာကမ်းမြောင်ဒေသမှာ အစားအစာနဲ့ ဆေးဝါး ၁၄ တန်လောက်ကို သြဂုတ် ၁ ရက်မှာ ကြဲချခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံ အလ်အာ့ဇ်ရက်ခ် ရှိ မူဝါ့ဖှ်ဖှာ့ခ်ဆာ့လ်တီ လေတပ်စခန်းမှ ထွက်ခွာသွားတဲ့ ဂျာမန်လေတပ်မှ A400M လေယာဉ် ၂ စင်းဟာ သေတ္တာ ၃၄ လုံးနဲ့ ထည့်ထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ကြဲချခဲ့တယ်လို့ ဂျာမန်ရဲ့ လုဖှ်တွာ့ဖှ် တော်ဝင်လေတပ် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လေကြောင်းထောက်ပံ့ရေး လမ်းကြောင်းကိုတော့ ဂျော်ဒန်ကနေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လတုန်းကလည်း လေကြောင်းကနေ ပစ္စည်းထုပ်တွေ ပစ်ချပေးခဲ့တဲ့ လုဖှ်တွာ့ဖှ် တော်ဝင်လေတပ်ရဲ့ ဒုတိယမြောက်မစ်ရှင်လည်း ဖြစ်ပါတယ်။ 

စစ်ဘေးသင့် ဂါဇာဒေသမှာ ငတ်မွတ်ခေါင်းပါးမှုဘေး အခြေအနေ ပေါ်ထွက်လာနေပြီလို့ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု စောင့်ကြည့်ရေးအဖွဲ့မှ ဇူလိုင် ၂၉ ရက်မှာ ပြောကြားခဲ့ပြီး အာဟာရချို့တဲ့မှု မြင့်မားလာတာနဲ့အမျှ အသက် ၅ နှစ်အောက် ကလေးငယ်တွေဟာ ဆာလောင်ငတ်ပြတ်မှုနဲ့ ဆက်နွှယ်နေတဲ့ အကြောင်းတရားတွေကြောင့် သေဆုံးနေရကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတယ် လို့လည်း ဆိုပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးထိုးစစ်ကို ဆင်နွှဲခဲ့လို့ ပါလက်စတိုင်း ၆၀,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံကို နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ တိုးလာနေပြီဖြစ်ပြီး အစ္စရေးအစိုးရကလည်း အဲဒီဝေဖန်မှုကို ပယ်ချခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013