Home
မြန်မာသတင်း
STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးကို ပြန်လွှတ်မပေးရန် စစ်အုပ်စု ကြိုးပမ်းနေ
DVB
·
August 13, 2025

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ဖမ်းဆီးထိန်းသိမ်းထားချိန်မှာပဲ ပြန်မလွတ်လာစေဖို့ လုပ်ငန်းရှင်တချို့နဲ့ အလုပ်သမားရုံး ဦးစီးတချို့က ထပ်တိုးအမှုတွေဆင်ကာ ကြိုးပမ်းနေတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။

ဒေါ်မျိုးမျိုးအေးဟာ ဇူလိုင် ၂၅ ရက်က နေအိမ်ကနေ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်ထပ် STUM အဖွဲ့ဝင်တချို့ပါ ဖမ်းဆီးခံရကာ ပြစ်မှုကျူးလွန်တာ မရှိတဲ့အကြောင်း စစ်ကြောရေးကနေ စစ်ဆေးပြီးပြတ်လို့ နယ်မြေရဲစခန်းတွေဆီ ပြန်လွှဲခဲ့ပေမဲ့ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ အမှုဖွင့်ခံရတာ ဖြစ်ပါတယ်။

အဲဒီလို အမှုဖွင့်ပြီး ထိန်းသိမ်းခံထားရချိန်မှာပဲ လုပ်ငန်းရှင်တချို့က သူတို့စက်ရုံ အလုပ်သမားအရေးကိစ္စမှာ ပါဝင်ခဲ့တဲ့ STUM ကို ၆၆(ဃ) နဲ့ အမှုဖွင့်ထားတာတွေအပေါ် အမြန်အရေးယူဖို့၊ အလားတူပုဒ်မနဲ့ ထပ်တိုးအမှုဖွင့်တာတွေ ရှိလာတာလို့ အဲဒီ အလုပ်သမားအဖွဲ့အစည်းနဲ့ နီးစပ်သူတချို့က ဆိုပါတယ်။

ဒါ့အပြင် STUM က စစ်ကောင်စီလက်အောက်မှာ တရားဝင်ဖွဲ့စည်းထားတဲ့ အလုပ်သမားအဖွဲ့ မဟုတ်တာကြောင့်ဆိုပြီး မြို့နယ်အလုပ်သမားဦးစီးဌာနတွေကနေ တရားစွဲဖို့ လုပ်ငန်းရှင်တချို့က ပူးပေါင်းကြံစည်လုပ်နေတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

STUM အဖွဲ့နဲ့ နီးစပ်သူတယောက်က “ပိုက်ဆံပေးပြီးတော့ကို အန်တီမျိုးကို ပြန်လွတ်မလာအောင် တခါတည်း အပြီးသိပ်ဖို့ လုပ်နေတယ်ဆိုတာ ပြန်သိရတာ” လို့ ပြောပါတယ်။

လက်ရှိမှာ ဒေါ်မျိုးမျိုးအေး အပါအဝင် STUM အဖွဲ့ဝင် ၁၀ ယောက်က ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေနဲ့ ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်ခံထားရပါတယ်။

အခုလို ဖမ်းဆီးမခံရခင် အချိန်အထိ ပြည်တွင်းအလုပ်သမားအရေးကိစ္စတွေမှာ ပါဝင်ကူညီခဲ့လို့ လုပ်ငန်းရှင်တချို့က ၆၆(ဃ) နဲ့ အမှုဖွင့် တရားစွဲဆိုခံထားရတဲ့ အမှုများစွာ ရှိနေတယ်လို့ ဒေါ်မျိုးမျိုးအေးက ထုတ်ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013