Home
မြန်မာသတင်း
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ဖမ်းဆီးခံရ 
DVB
·
July 29, 2025

ရန်ကုန်မှာ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။

STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက် နဝရတ်လမ်းက နေအိမ်မှာ ဇူလိုင် ၂၅ ရက် ည ၉ နာ ရီခွဲက စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးသွားတာလို့ STUM အဖွဲ့ဝင်တယောက်က  DVB ကို ပြောပါတယ်။

"ညဘက်ကြီး လူအင်အားအများကြီးနဲ့ ဝင်ဖမ်းတာ ရုံးခန်းတွေကို ရှာဖွေစစ်ဆေးတာတွေလုပ်တယ်။ ဘာကြောင့်ဖမ်းတယ် ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိတော့ သားသမီးတွေက စိတ်ပူနေတယ်။” 

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ပြဿနာတွေမှာ ဒေါ်မျိုးမျိုးအေးက အလုပ်သမားတွေဘက်က မားမားမတ်မတ်ရပ်တည်သူ တယောက် ဖြစ်တာကြောင့် စက်ရုံပိုင်ရှင်တွေကအငြိုးထားပြီး စစ်တပ်နဲ့ ပူးပေါင်းဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ရွှေပြည်သာစက်မှုဇုန်အလုပ်သမားတယောက်က  သုံးသပ်ပြောပါတယ်။

"စက်မှုဇုန်တွေမှာ အလုပ်သမားတွေဖိနှိပ်အနိုင်ကျင်ခံရတိုင်း ဒေါ်မျိုးမျိုးအေးက ဖြေရှင်းပေး တယ်။ အလုပ်သမားအခွင့်အရေးတွေရအောင်ကူညီပေးတယ်။ ဒါကြောင့် စက်ရုံပိုင်ရှင်တွေက ကြည့်မရဘူး။ တချို့ဆို တရားစွဲတာတောင်ရှိတယ်။ အခုလည်း အငြိုးထားပြီး စစ်တပ်နဲ့ ပေါင်းဖမ်း တာဖြစ််မယ်လို့ မြင်တယ်။”

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ဖမ်းဆီးခံရခြင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်အာဏာသိမ်းပြီး အလုပ်သမားတွေနဲ့အတူ သပိတ်လှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ ဒေါ်မျိုးမျိုး အေးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ချခဲ့ ပြီး လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ် မြောက်လာသူလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024