Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ 
DVB
·
July 7, 2025

ထိုင်းမြန်မာနယ်စပ် ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းအရ သိရပါတယ်။ 

နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာ ကြောင့် ထိုင်းခြေလျင်တပ် အမှတ် ၉ တပ်ရင်းနဲ့ နယ်မြေခံ ရဲ၊ ရပ်ကျေးလုံခြုံရေးအဖွဲ့ဝင်ပါတဲ့ ပူး ပေါင်းအဖွဲ့တွေဟာ မသင်္ကာဘွယ်ကားတွေကို စောင့်ကြပ်စစ်ဆေးနေခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၇ ရက် မနက် ၁ နာရီလောက်မှာတော့ ထောင်းဖာဖူးမြို့နယ် ထာ့ခနွန်အုပ်စု ထာ့ခနွန် လမ်းဆုံမှာ ဆန်ခလပူရီမြို့နယ်ဘက်နေ မောင်းဝင်လာတဲ့ ဟိုင်းလပ်ကားတစီးကိုပါ စစ်ဆေးဖို့ တားဆီးခဲ့တယ်။ 

ဒါပေမဲ့ စစ်ဆေးရေးဂိတ်နားရောက်တော့ အဲဒီကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းထွက်သွားတယ်၊ တာဝန်ရှိသူတွေက အဆိုပါကားနောက်ကို လိုက်သွားရာမှာ ထောင်းဖာဖူးမြို့ ဆဟာ ကွဏ်းနိခုမ်းရပ်ကွက် လမ်းဘေးတနေရာမှာ ရပ်ထားတာကို တွေ့ရတယ်၊ ယာဉ်မောင်းက ထွက်ပြေးသွားပြီး ကားပေါ်လိုက်စီးလာသူတွေသာ ကျန်ရစ်တယ်။ ကားပေါ်မှာ အမျိုးသား ၁၉ ဦး အမျိုးသမီး ၈ ဦး ပေါင်း ၂၇ ဦး လိုက်ပါလာပြီး ထိုင်းဘာသာစကားမတတ်၊ အထောက်အထားစာရွက်စာတမ်း မပြနိုင်ဘူးလို့ ဆိုပါတယ်။ 

ဘာသာပြန်နဲ့ စစ်ဆေးမေးမြန်းရာမှာတော့ သူတို့အားလုံး မြန်မာနိုင်ငံသားတွေဖြစ်ပြီး ရန်ကုန်တိုင်းက လာတာလို့ ဆိုတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ ဂျပန်ရေတွင်းရွာ တောလမ်းကနေ ခြေလျင် လျှောက်ပြီး ဝင်လာတယ်၊ တနေရာမှာ ပွဲစားနဲ့ ချိတ်ထားတဲ့ကားက လာကြိုတယ်၊ ပွဲခအနေနဲ့ တဦးလျှင် ဘတ် ၁၉,၀၀၀ စီပေးရမှာဖြစ်တယ်၊ ခရီးမဆုံးခင် ခုလိုအဖမ်းခံရတာလို့ ပြော သွားပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို လဝကဥပဒေနဲ့ အရေးယူဖို့ ထောင်းဖာဖူးမြို့နယ်ရဲစခန်းကို ခေါ်သွားပြီး ထွက်ပြေးတဲ့ ကားသမားနောက်လည်း လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။ 

အဆိုပါမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်း (ဇူလိုင် ၄ ရက်) နေ့ကလည်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။ သူတို့ဟာလည်း ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၂, ၀၀၀  ပေးပြီး ဝင်လာခဲ့တာလို့  ဆိုပါတယ် ။ 

Source - Kanchanaburi  News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013