
ချစ်ပ်ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေဖြစ်တဲ့ Nvidia နဲ့ AMD တို့ဟာ တရုတ်နိုင်ငံကို ရောင်းချတဲ့ AI ချစ်ပ်တွေကနေ ရရှိတဲ့ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို အမေရိကန်အစိုးရကို ပေးချေဖို့ သဘောတူညီလိုက်ပါတယ်။
Nvidia နဲ့ AMD တို့ဟာ သူတို့ရဲ့ H20 နဲ့ MI308 ချစ်ပ်တွေအတွက် တင်ပို့ခွင့်လိုင်စင် ရရှိရေး ထရမ့်ပ်အစိုးရနဲ့ ညှိနှိုင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ မကြုံစဘူး သဘောတူညီချက်အရ အမေရိကန်အစိုးရကိုယ်တိုင် ဒီကုမ္ပဏီတွေရဲ့ တရုတ်ပြည်စီးပွားရေးမှာ အစုစပ်သဘော ပါဝင်လာတာ ဖြစ်ပါတယ်။
ဒီသတင်းကို မီဒီယာကြီးတွေမှာ ဖော်ပြခဲ့သလို Nvidia ဘက်ကလည်း အတည်ပြုထားပေမဲ့ AMD ကတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။
အမျိုးသားလုံခြုံရေး အကြောင်းပြချက်နဲ့ အစိုးရက ဧပြီလကတည်းက ချမှတ်ခဲ့တဲ့ ပိတ်ပင်မှုကို ပြန်ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။
Nvidia ရဲ့ CEO ဂျန်ဆင်ဟွမ်က အမေရိကန်ကုမ္ပဏီတွေကို တရုတ်ဈေးကွက်မှာ ယှဉ်ပြိုင်ခွင့် ပေးမယ်ဆိုရင် ဟွာဝေးလို ပြည်တွင်းပြိုင်ဘက်က ဈေးကွက်ကို လွှမ်းမိုးလာမှာကို တားဆီးနိုင်မယ်လို့ ထရမ့်ပ်ကို စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒီသဘောတူညီချက်ဟာ ကုမ္ပဏီရဲ့ အကျိုးအမြတ်အတွက် နိုင်ငံတော်လုံခြုံရေးကို အလျှော့ပေးလိုက်တာ ဖြစ်တယ်လို့ သတိပေး ဝေဖန်ခဲ့ကြပါတယ်။
ဒီသဘောတူညီချက်ကနေ အမေရိကန်အစိုးရဟာ ဒီနှစ်ကုန်ပိုင်းမှာတင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ဝင်ငွေရရှိလာနိုင်ပါတယ်။
ဒီလုပ်ရပ်ဟာ နိုင်ငံတကာစီးပွားရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ပြီး အမေရိကန်ပြည်ထောင်စုထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာအောင် ကြိုးပမ်းနေတဲ့ ထရမ့်ပ်အစိုးရရဲ့ မူဝါဒနဲ့လည်း ကိုက်ညီနေပါတယ်။
Source: Reuters