
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်၊ ယူရွှန့် ခရိုင်မှာ မိုးသည်းအပြီး တောင်ကျရေတွေ ကျခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ၂၈ ယောက် ပျောက်နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
မိုးရွာပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး သောကြာညပိုင်းအထိ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရသူ စုစုပေါင်း ၉၈၂၈ ယောက် ရှိခဲ့ပါတယ်။
ခရိုင်မြို့တော် လန်ကျိုးနဲ့ တခြားဒေသတွေမှာ ကြာသပတေးနေ့ညနေပိုင်းကနေ သောကြာနေ့မွန်းလွဲပိုင်းထိ အမြင့်ဆုံးမိုးရေချိန် ၂၂၀ ဒသမ ၂ မီလီမီတာအထိ သည်းကြီးမည်းကြီး ရွာခဲ့ပါတယ်။
ပဏာမ စုံစမ်းစစ်ဆေးမှု ရလဒ်အရ ၁၀၂ ဒသမ ၂ ကီလိုမီတာ အရှည်ရှိတဲ့ လမ်းအပိုင်း ၅၁ ခုနဲ့ တံတား ၃ စင်းပျက်စီးခဲ့ပါတယ်၊
သောကြာညနေပိုင်းကတည်းက ကယ်ဆယ်ရေးသမားတွေဟာ အဆိုးရွားဆုံးဖြစ်တဲ့ မာပိုမြို့နယ်မှာ ပျောက်ဆုံးနေသူတွေကို ညလုံးပေါက် ရှာဖွေဖို့ ကြိုးပမ်းနေကြပါတယ်။
ရှာဖွေကယ်ဆယ်ရေးနဲ့ လမ်းပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စက်ကိရိယာ အစုံ ၁၃၀ ကျော်နဲ့ ပြည်နယ်တဝန်းကနေ အရေးပေါ်ဝန်ထမ်း အယောက် ၆၇၀ ကျော်ကို ရှေ့တန်းဆီ စေလွှတ်ထားပါတယ်။
စနေနေ့ ညနေ ၆ နာရီလောက်မှာ ရေဘေးသင့်ကျေးရွာတွေဆီ သွားတဲ့လမ်းကို ပြန်ပြင်ပြီးခဲ့ပါတယ်။
Source: Reuters