Home
မြန်မာသတင်း
မြိုင်မြို့နယ်က ကင်းစခန်း ၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်
DVB
·
August 10, 2025

မ‌ကွေးတိုင်း‌၊ မြိုင်မြို့နားက စစ်ကောင်စီ ကင်းစခန်းတခုကို ဩဂုတ် ၁၀ ရက် ဒီမနက်မှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၁ ယောက်သေ၊ ၃ ယောက်အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။

မနက် ၅ နာရီလောက်မှာ တိုက်ပွဲစဖြစ်ပြီး ဒေသခံတွေကတော့ အိမ်ပြင်မထွက်နိုင်ဘဲ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “မနက်အစာကြီးကတည်းက တိုက်ပွဲစဖြစ်နေတာ။ မနင်ခင်း ၁၀ နာရီ ကျော်တဲ့အထိ တိုက်ပွဲကဖြစ်‌နေတုန်းဗျ။ အပြင်မထွက်ရဲသေးဘူး။ ကျည်ဆန်တွေကလည်း အိမ်ပေါ်တွေလည်း ကျတယ်။ မနက်အ‌စောကြီး တိုက်ပွဲဖြစ်လို့ ကျနော်တို့ရွာသားတွေအကုန်လုံး တိုက်ပွဲအတွင်း ပိတ်မိနေတယ်” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီရဲ့ ရှေ့တန်းကင်းစခန်းဟာ စစ်သားအင်အား ၁၂ ယောက်လောက်ပဲရှိတဲ့စခန်းလို့ သိရပါတယ်။

တိုက်ခိုက်ရာမှာပါဝင်တဲ့ ဗိုလ်စကား ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ကိုထွေးညိုက “ကျနော်တို့ မနက်ခင်း ၅ နာရီခွဲက စတိုက်တာဗျ။ နေ့ခင်း ၁၁ ခွဲမှ ကင်းစခန်ကိုသိမ်းနိုင်ခဲ့ပြီဗျ။ တိုက်ပွဲအတွင်းမှာ  စစ်သားတယောက် သေပြီး အရှင် ၃ ယောက်ဖမ်းမိတယ်။ ကျန်တဲ့ (-)တွေကတော့ ဒဏ်ရာတွေနဲ့ စခန်းစွန့်ထွက်ပြေးသွားကြတယ်။ နောက်ပြီး G3 ၃ လက်နဲ့ 7.62 ကျည် အများအပြား သိမ်းဆည်းရမိခဲ့တယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခု တိုက်ပွဲကို မြိုင် ပ.က.ဖ၊ ပေါက်မြို့နယ် မြောက်ပိုင်း ပ.က.ဖ နဲ့ ပေါက်မြို့  ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါအဝင် တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013