Home
အားကစား
အိန္ဒိယကို အနိုင်ရမှ မြန်မာ ယူ-၂၀ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲအောင်မြင်မည်
DVB
·
August 9, 2025
Photo: MFF

အိန္ဒိယအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ရလဒ်ရယူနိုင်မှသာ မြန်မာ ယူ- ၂၀ အမျိုးသမီး အသင်း အာရှဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပါတယ်။

မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းဟာ သြဂုတ် ၈ ရက်က ကစားခဲ့တဲ့ အင်ဒိုနီးရှား ယူ-၂၀ နဲ့ အုပ်စု ဒုတိယပွဲစဉ်မှာ ၂ ဂိုး စီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

ဒီရလဒ်ကြောင့် အိန္ဒိယနဲ့ ရမှတ်တူပေမဲ့ ဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာမှာရပ်တည်နေ တာပါ။

ခြေစစ်ပွဲအဆင့်မှာ အုပ်စုပထမ ၈ သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယ ၃ သင်း စုစုပေါင်း ၁၁ သင်းသာ ခြေစစ်ပွဲအောင်မြင်မှာပါ။

မြန်မာယူ-၂၀ အမျိုးသမီးအသင်းဟာ အိန္ဒိယနဲ့ပွဲမှာ အနိုင်ရမှသာ အုပ်စုပထမနေရာကနေ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး သရေကျခဲ့မယ်ဆိုရင် ထိပ်တိုက်တွေ့ဆုံမှု စည်းမျဉ်းအရ တူညီနေပေမဲ့ ဂိုးကွာခြားချက်အရ အုပ်စုဒုတိယ သို့မဟုတ် တတိယနေရာ အထိဆင်းပေးရမှာပါ။

သရေကျခဲ့လို့ ရမှတ် ၅ မှတ်နဲ့ ဒုတိယရမယ်ဆိုရင် အကောင်းဆုံးအုပ်စုဒုတိယ ၃ သင်းစာရင်းဝင်မှာ မဟုတ်ဘဲ  တခြားအုပ်စုတွေမှာ ၆ မှတ်ရရှိထားတဲ့ အသင်းတွေက ၅ သင်းအထိရှိနေတာ ဖြစ်ပါတယ်။

အုပ်စု တတိယနေရာက အင်ဒိုနီးရှားကလည်း ရမှတ် ၂ မှတ်ရရှိထားပြီး အုပ်စုတွင်း အားအနည်းဆုံးအသင်းဖြစ်တဲ့ တာ့မင်နစ္စတန်နဲ့ပွဲမှာ ဂိုးအများအပြားနဲ့ အနိုင်ရမယ်ဆိုရင် ရမှတ် ၅ မှတ်ရရှိပြီး ခြေစစ်ပွဲ အောင်ဖို့ မျှော်လင့်နိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013