Home
နိုင်ငံတကာ
အိန္ဒိယ အထည်ချုပ်စက်ရုံများက အမေရိကန် အမှတ်တံဆိပ်များကို ဆက်လက်ထုတ်လုပ်နေ
DVB
·
August 7, 2025
Photo: REUTERS/ Bhawika

အိန္ဒိယအစိုးရက ရုရှားရေနံတွေ ဆက်ဝယ်ခဲ့လို့ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေး တင်းမာမှုတွေ တိုးလာချိန်မှာ အိန္ဒိယ အထည်ချုပ်ကဏ္ဍက ဆက်လက်ထုတ်လုပ်နေပါတယ်။

အာရ်ဗင်ဒ်ဖက်ရှင်ကုမ္ပဏီက လုပ်ငန်းလည်ပတ်နေတဲ့ အာမဒ်ဒါဘဒ်မြို့က အထည်ချုပ်စက်ရုံမှာ သြဂုတ် ၅ ရက်က အလုပ်သမားတွေဟာ Levi's လို အမေရိကန်အမှတ်တံဆိပ်တွေအတွက် လိုဂိုတွဲချိတ်ဖို့ ချည်ထိုးစက်တွေကို သုံးရင်း အထည်တွေကို တံဆိပ်ကပ်ခြင်း၊ ခေါက်ခြင်း၊ တင်ပို့ခြင်းအတွက် ပြင်ဆင်နေပါတယ်။

နိုင်ငံရေးအရ တင်းမာမှုတွေ ကြီးထွားလာပေမဲ့ အမေရိကန်ကုမ္ပဏီတွေနဲ့ ကုန်သွယ်ရေးဟာ တက်ကြွနေသေးတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိန္ဒိယဟာ ရုရှားနဲ့ ရေနံကုန်သွယ်မှုကနေတဆင့် ယူကရိန်းစစ်ပွဲကို အရှိန်မြှင့်နေတယ်လို့ စွပ်စွဲပြီး အိန္ဒိယသွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးနှုန်းတွေ တည်ငြိမ်စေရေးအတွက် အိန္ဒိယရဲ့ ဝယ်ယူမှုတွေက အထောက်အကူဖြစ်စေတယ်လို့ ပြောရင်း အိန္ဒိယအရာရှိတွေက ငြင်းဆိုထားပါတယ်။

ရုရှားရေနံဝယ်ယူမှုနဲ့ ပတ်သက်ပြီး အိန္ဒိယကို ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုက ဇူလိုင် ၃၁ ရက်မှာ စတင်ခဲ့ပြီး အိန္ဒိယကုန်ပစ္စည်းတွေအတွက် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်လို့ အတိအကျ မသတ်မှတ်ထားတဲ့ ပြစ်ဒဏ်နဲ့အတူ ကြေညာခဲ့ပါတယ်။

သံတမန်ရေးရာ အကွဲအပြဲတွေကြားမှာ အိန္ဒိယရဲ့ အကြီးဆုံး ပို့ကုန်ကဏ္ဍတခုဖြစ်တဲ့ အဝတ်အထည်လုပ်ငန်းဟာ အဓိက အမေရိကန် လက်လီရောင်းချသူတွေအတွက် အမှာစာတွေကို ဆက်ဖြည့်ဆည်းပေးနေပါတယ်။

ကမ္ဘာ့တတိယအကြီးဆုံး ရေနံတင်သွင်းသူနဲ့ စားသုံးသူ အိန္ဒိယနိုင်ငံဟာ လိုအပ်တဲ့ ရေနံသုံးပုံတပုံကျော်ကို ရုရှားဆီကနေ ဝယ်ပါတယ်။

နယူးဒေလီမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ EU ကိုယ်စားလှယ်အဖွဲ့တို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013