အမေရိကန်တွင် ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျပြီး ၄ ဦးသေဆုံး
DVB
·
August 6, 2025

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ချေနယ်လေဆိပ်နားမှာ ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်း ဩဂုတ် ၅ ရက်က ပျက်ကျ မီးလောင်ခဲ့လို့ လူ ၄ ယောက် သေဆုံးသွားပါတယ်။
အင်ဂျင် ၂ လုံးတပ် လေယာဉ်ငယ်ဟာ အနားက ဆေးရုံကနေ လူနာတယောက်ကို သယ်ဖို့ သွားခဲ့ချိန်မှာ ပျက်ကျခဲ့တာပါ။
လေယာဉ်ပေါ်ပါတဲ့လူ ၄ ယောက်စလုံး သေဆုံးတာ အတည်ပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပေမဲ့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
Source: Reuters