
အမေရိကန် သယ်ယူပို့ဆောင်ရေးဌာနဟာ အော်ပရေတာတွေရဲ့ အမြင်အာရုံထက် ကျော်လွန်ပြီး ဒရုန်းတွေ ဖြန့်ကြက်မှုကို အရှိန်မြှင့်ဖို့ စည်းမျဉ်းအသစ်တွေကို သြဂုတ် ၅ ရက်မှာ အဆိုပြုခဲ့ပါတယ်။
ဒါဟာ အထုပ်အပိုးတွေ ပို့ဆောင်တာလိုမျိုး စီးပွားဖြစ် ဖြန့်ကြက်မှုကို တိုးတက်စေမယ့် အဓိက အပြောင်းအလဲတရပ်လည်း ဖြစ်ပါတယ်။
လက်ရှိစည်းမျဉ်းတွေအရ အော်ပရေတာတွေဟာ ဒရုန်းကို ထိန်းကျောင်းသူကိုယ်တိုင်ရဲ့ မျက်စိကနေ မြင်နိုင်တဲ့ အကွာအဝေးကို ကျော်ပြီး ဒရုန်းတွေကိုသုံးဖို့ တယောက်ချင်း ကင်းလွတ်ခွင့်တွေရဖို့ လိုအပ်ပါတယ်။
ဒီလိုအပ်ချက်တွေကို ဖယ်လိုက်တာဟာ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်ထုတ်လုပ်ခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်းနဲ့ အသက်ကယ်ဆေးတွေ အပါအဝင် ထုတ်ကုန်တွေကို သယ်ပို့တဲ့ နယ်ပယ်တွေမှာ ဒရုန်းနည်းပညာတွေအတွက် အသုံးပြုမှုပုံစံကို သိသိသာသာ ချဲ့ထွင်နိုင်မယ်လို့ ဌာနက ပြောပါတယ်။
အဆိုပြုချက်ထဲမှာ ဒရုန်းတွေကို တခြားဒရုန်းတွေ၊ လေယာဉ်ပျံတွေနဲ့ ဘေးကင်းကင်း ပျံသန်းစေဖို့ ထုတ်လုပ်သူတွေ၊ အော်ပရေတာတွေနဲ့ ဒရုန်းယာဉ်အသွားအလာ စီမံခန့်ခွဲရေး ဝန်ဆောင်မှုတွေအတွက် လိုအပ်ချက်အသစ်တွေ ပါပါတယ်။
ဘေးကင်းရေး မြှင့်တင်ဖို့၊ စီးပွားဖြစ် ဝန်ဆောင်မှုတွေကို အသွင်ပြောင်းဖို့နဲ့ မောင်းသူမဲ့ လေယာဉ်တွေနဲ့အတူ ပြည်သူ့လုံခြုံရေးကို အားဖြည့်ဖို့ မောင်းသူမဲ့ လေယာဉ်တွေနဲ့ လုပ်ငန်းလည်ပတ်မှုကို အားကောင်းစေမယ့် အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် ဒီအဆိုပြုချက်ကို တင်ပြထားပါတယ်။
Source: Reuters