Home
နိုင်ငံတကာ
ဂျော်ဂျီယာပြည်နယ် စစ်တပ်အခြေစိုက်စခန်းတွင် အမေရိကန်စစ်သား ၅ ဦး ပစ်ခတ်ခံရ
DVB
·
August 7, 2025
Photo: Richard Burkhart/USA Today Network via REUTERS

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ ဖို့ထ်စတီးဝပ်ထ် အခြေစိုက်စခန်းမှာ သြဂုတ် ၆ ရက်က အမေရိကန်စစ်သား ၅ ယောက် သေနတ်နဲ့ ပစ်ခံခဲ့ရပြီး သံသယရှိသူကို ဖမ်းဆီးထားတယ်လို့ စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်သားတွေဟာ နေရာမှာတင် ဆေးကုသမှု ခံယူပြီးတဲ့နောက် ဝင်း စစ်တပ်ဝင်းဆေးရုံဆီ သူတို့ကို ပို့ဆောင်ကုသပေးခဲ့တယ်လို့ အခြေစိုက်စခန်းက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးထားပါတယ်။

စခန်းကို မနက် ၁၁ နာရီ ၄ မိနစ်မှာ သော့ခတ်ထားပြီး တရားဥပဒေစိုးမိုးရေး အရာရှိတွေ အခင်းဖြစ်ပွားရာနေရာမှာ ရှိနေတယ်လို့ အခြေစိုက်စခန်းက ပြောပါတယ်။

လူမှုအသိုက်အဝန်းအတွက် ထိရောက်တဲ့ ခြိမ်းခြောက်မှု မရှိဘူးလို့လည်း ထည့်ပြောပါတယ်။

ပစ်ခတ်မှုနောက်ကွယ်က သံသယရှိသူ သေနတ်သမားကို အသက် ၂၈ နှစ်အရွယ် စစ်သား ကိုနီးလီးယပ်စ် ရက်ဒ်ဖို့ဒ် အဖြစ် အမေရိကန်စစ်တပ်က ဖော်ထုတ်ခဲ့ပြီး စစ်သား ၅ ယောက်ကို ဘာကြောင့် ပစ်ခတ်ခဲ့တာလဲဆိုတာ မသေချာဘူးလို့ ပြောပါတယ်။

ရက်ဒ်ဖို့ဒ်ဟာ လုပ်ငန်းခွင်မှာ ကိုယ်ပိုင်သေနတ်တလက်ကို သုံးခဲ့ပုံရပြီး ဒဏ်ရာရစစ်သားတွေက ရက်ဒ်ဖို့ဒ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တယ်လို့ ခြေလျင်တပ်မ ၃ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ဂျွန်လူဘတ်စ်က ဖို့ဒ်စတီးဝပ် အခြေစိုက်စခန်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဖို့ဒ်စတီးဝပ် အခြေစိုက်စခန်းဟာ အတ္တလန်တာမြို့ အရှေ့တောင်ဘက် ၂၂၅ မိုင်နဲ့ ဆာဗားနားမြို့ အနောက်တောင်ဘက် မိုင် ၄၀ အကွာမှာ ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013