
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာပြည်နယ်၊ ဥတ္တရာခန်းမှာ သြဂုတ် ၅ ရက်က ရေကြီး မြေပြိုတာတွေကြောင့် လူ ၄ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ လူအများအပြား ပျောက်ဆုံးတဲ့အပြင် တရွာလုံး ရွှံ့နွံထဲ နစ်မြုပ်သွားခဲ့ပါတယ်။
ဒါကြောင့် လမ်းတွေပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ဩဂုတ် ၆ ရက်မှာ စိုစွတ်နေတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
လူ ၇၀ ကို ဗုဒ္ဓဟူးနေ့မှာ ဘေးလွတ်ရာဆီ ပို့ဆောင်ခဲ့တယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ပွတ်ရှ်ခါ ဆင်းဂ်ဒါမီက မနေ့ညက လူ ၁၃၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ANI သတင်းဌာနကို ပြောပါတယ်။
ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ထိခိုက်ခံစားခဲ့ရသူတွေကို ဝမ်းနည်းကြောင်း ပြောခဲ့ပြီး အဖွဲ့တွေက အကူအညီတွေပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဥတ္တရာခန်းပြည်နယ်ဟာ ရေကြီးမြေပြိုလေ့ရှိပြီး ကျွမ်းကျင်သူတချို့က ရာသီဥတုပြောင်းလဲမှုအပေါ် အပြစ်တင်ကြပါတယ်။
လျှပ်တပြက် ရေကြီးမှုကြောင့် ပြည်နယ်အထဲက ရေအားလျှပ်စစ်စီမံကိန်း ၂ ခု ပြတ်တောက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်တုန်းကလည်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၀၀ သေဆုံးခဲ့ဖူးပါတယ်။
အိန္ဒိယနိုင်ငံထဲက ဟိမဝန္တာတောင်တန်းတွေမှာ ရေခဲမြစ်ပေါင်း ၁၀,၀၀၀ လောက်ရှိပြီး ပူနွေးလာတဲ့ ရာသီဥတုကြောင့် ရေခဲမြစ် အများအပြားဟာ အရွယ်အစား သေးငယ် ယုတ်လျော့လာခဲ့ကြပါတယ်။
Source: Reuters