
ကမ္ဘောဒီးယား စားသုံးသူတွေဟာ အငြင်းပွားနေတဲ့ ထိုင်းနဲ့ နယ်စပ်တလျှောက်မှာ ဇူလိုင် ၂၄ ရက်က လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပြီးကတည်းက ထိုင်းကုန်ပစ္စည်းတွေအစား တခြားရွေးချယ်စရာတွေကို ရှာဖွေနေကြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ ပြည်တွင်းကော်ဖီဆိုင်တွေက မြို့တော်မှာ လူကြိုက်များခဲ့တဲ့ ထိုင်းကော်ဖီဆိုင်တွေနဲ့ လုံးဝမတူဘဲ ဖောက်သည်တွေနဲ့ စည်ကားနေတာပါ။
မကြာသေးမီနှစ်တွေအတွင်း ထိုင်းအမှတ်တံဆိပ်တွေဟာ ကမ္ဘောဒီးယားမှာ ဓာတ်ဆီဆိုင် ၁၈၀ ကျော်၊ ကော်ဖီဆိုင် ၂၅၀ ကျော်၊ ထိုင်းကုမ္ပဏီတွေပိုင်တဲ့ ကုန်စုံဆိုင်နဲ့ စားသောက်ဆိုင် ၁၀၀ ကျော်တို့နဲ့အတူ ကမ္ဘောဒီးယားမှာ စီးပွားရေး အမြန်တိုးချဲ့လာခဲ့ပါတယ်။
မကြာသေးမီကတော့ စားသုံးသူတွေ သိသိသာသာ လျော့ကျလာတာကို သူတို့အားလုံး မြင်တွေ့ခဲ့ရပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ကြား နယ်နိမိတ်ချင်း ထိစပ်နေလို့ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေကို ရွေးချယ်ဖို့ ကမ္ဘောဒီးယားစားသုံးသူ အများအပြားက လိုလားနေကြတာပါ။
စားသုံးသူတယောက်က “ကမ္ဘောဒီးယား ထုတ်ကုန်တွေကို ပံ့ပိုးပေးချင်ပါတယ်။ ကျနော်တို့ရဲ့ ကမ္ဘောဒီးယား ထုတ်ကုန်တွေကို ပိုပြီး တွင်တွင်ကျယ်ကျယ် လူသိများလာဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ကမ္ဘောဒီးယား လက်လီရောင်းချသူတွေနဲ့ တင်သွင်းသူတွေကလည်း စားသုံးသူတွေရဲ့ သဘောထား ပြောင်းလဲမှုတွေကို ခံစားခဲ့ရပြီး ပြည်တွင်းထုတ်ကုန်တွေနဲ့ အမှတ်တံဆိပ်တွေကို ပံ့ပိုးပေးဖို့ ချိန်ညှိမယ်လို့ ပြောခဲ့ပါတယ်။
စူပါမားကတ် ဝန်ထမ်းတယောက်က “အရင်တုန်းက ဖောက်သည်တွေက ထိုင်းထုတ်ကုန်တွေကို ရှာကြပေမဲ့ အခု ကမ္ဘောဒီးယား ထုတ်ကုန်တွေကို ရှာပြီး ကမ္ဘောဒီးယား ထုတ်ကုန်တွေကို ပံ့ပိုးနေကြတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၈ ရက်က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အိမ်ရှင်အဖြစ် ကျင်းပတဲ့ အထူးအစည်းအဝေးအပြီးမှာ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ အဲဒီနေ့ သန်းခေါင်ယံအချိန်ကစပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းသဘောတူခဲ့ကြပါတယ်။
Source: Reuters