
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ် တင်းမာမှုတွေကြောင့် ထိုင်းနိုင်ငံအရှေ့ မြောက်ပိုင်းက ဆေးရုံ ၇ ခု ပိတ်ထားရဆဲဖြစ်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဩဂုတ် ၃ ရက်က ဖော်ပြပါတယ်။
ပိတ်ထားရတဲ့ ဆေးရုံတွေကတော့ ဘူရီယမ်၊ ဆီဆခက်၊ ဆူရင်းနဲ့ ဥဘွန်ရက်ချဌာနီ ပြည်နယ်တွေက ဖြစ်ပါတယ်။
မကြာသေးမီက ထိုင်းနယ်စပ်မှာ ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်မှုကြောင့် ဆေးရုံ ၁၂ ရုံကို လုံးဝပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယား တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၇ ယောက် ရှိခဲ့ပြီး ဒဏ်ရာရသူ ၃၈ ယောက် ရှိခဲ့တဲ့အကြောင်းလည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၆ ယောက်ကိုတော့ နယ်မြေခံဆေးရုံ တွေမှာ ဆေးဝါးကုသပေးနေပါတယ်။
Source: Bangkok Post