Home
မြန်မာသတင်း
လယ်ဒို နှင့် မူးမြို့နယ်တွင် ရေကြီးပြီး ရွာ ၁၃၀ ကျော်ရေနစ်မြုပ်၊ လယ်ဧက ၃၄,၀၀၀ ကျော် ပျက်စီး
DVB
·
August 6, 2025

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုနဲ့ မူးမြို့နယ်မှာ မိုးရွာပြီး ရေဆက်တိုက်ကြီးတာကြောင့် ကျေးရွာ ၁၃၇ ရွာ ရေနစ်မြုပ်ပြီး လယ်ဧက ၃၄၂၅၀ ကျော် ရေလွှမ်းခံရကာ ကျောင်း ၅၅ ကျောင်းလည်း ပိတ်ထားရတယ်လို့ KNU က သြဂုတ် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ရှောင်တွေကို ကူညီပေးသူတယောက်က “ခုလက်ရှိတော့ သူတို့တွေ စာသင်ကျောင်းမှာ နေတယ်၊ တချို့က သူတို့အမျိုးနဲ့ သွားနေပါတယ်။ တချို့က အိမ်ရှင်မရှိတဲ့ အိမ်တွေမှာ သွားနေပါတယ်။ အစားအသောက်၊ အမိုးအကာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက်ကစပြီး ဒီနေ့အချိန်အထိ မိုးရွာ ရေကြီးလို့ မူးမြို့နယ်က ဒေသခံတွေရဲ့ နေအိမ် ၁၄ လုံး ရေထဲမျောပါသွားခဲ့ပြီး လယ်ဧက ၄၂၅၀ ကျော်လည်း ရေနစ်မြုပ်ပျက်စီးခဲ့ရကာ ကျေးရွာ ၅၇ ရွာလည်း ရေနစ်မြုပ်တဲ့အပြင် စာသင်ကျောင်း ၁၈ ကျောင်းကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

လယ်ဒိုမြို့နယ်မှာလည်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာ ၈၀ ရေနစ်မြုပ်ပြီး လယ်ဧက ၃၀,၀၀၀ ကျော်လည်း ရေလွှမ်းမိုးခံရကာ စာသင်ကျောင်း ၃၇ ကျောင်းလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မူးမြို့နယ်မှာက နှစ်ပိုင်း ရှိတာ​ပေါ့​နော်။ တောင်​ပေါ်​ဒေသမှာ​တော့ အကုန်မ​မျောဘူး။ ​အောက်​မြေပြန့်​ဒေသမှာ​တော့​ ကျေးရွာ အကုန်​ရေကြီးပြီး စစ်​တောင်းမြစ်နံ​ဘေးမှာ ရှိတဲ့​ ကျေးရွာ ​နေအိမ်​ ရေထဲ​ မျောပါသွားကြတာ​ပေါ့” လို့ ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားတဲ့ လယ်ဧကများစွာလည်း ရေလွှမ်းမိုးခံရပြီး နေရာရွှေ့ပြောင်းရတာ​ကြောင့် စားသောက်နေထိုင်ဖို့အတွက် ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013