
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော် တောင်ဘက်ရှိ ယိုကိုဟားမားမြို့မှာ သြဂုတ် ၄ ရက်က မီနားတိုး မီရိုင် နွေရာသီပွဲတော်တခုအတွင်း မီးရှူးမီးပန်းတွေ ပစ်ဖောက်ခဲ့ပြီးနောက်မှာ မီးရှူးမီးပန်းပစ်လွှတ်တဲ့ လှေတွေ မီးလောင်ကျွမ်းခဲ့ပါတယ်။
မီးရှူးမီးပန်း ပစ်လွှတ်ဖို့ အသုံးပြုတဲ့ ရေယာဉ် ၈ စင်းထဲက ၂ စင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက NHK သတင်းဌာနကို ကိုးကားပြီး ထုတ်ပြန်ပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့ သင်္ဘောတွေကနေ ပင်လယ်ထဲကို ခုန်ချခဲ့ကြပြီးနောက်မှာ သင်္ဘောပေါ်ပါ အလုပ်သမား ၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျပန်ရုပ်သံ NHK က ပြောပါတယ်။
ဝန်ထမ်းတယောက် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း NHK ရုပ်သံက မီးသတ်ဌာန တာဝန်ရှိသူတွေကို ကိုးကား ဖော်ပြသွားပါတယ်။
မီးရှူးမီးပန်း ပစ်လွှတ်မှုစနစ်က ထိန်းချုပ်မှု ပျက်သွားကြောင်း ပွဲစီစဉ်သူက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပြီး အာဏာပိုင်တွေဟာ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
Source: Reuters