Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်တပ်က ဆရာတော်နှင့် အရပ်သား ၆ ဦးကို ဖမ်းဆီး 
DVB
·
August 4, 2025
Photဝ: NH

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အောက်စုကျေးရွာ ကျောင်းထိုင် ဘုန်းကြီး တပါးနဲ့ အရပ်သား ၆ ယောက်ကို အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထားသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၃၁ ရက်မှာ စစ်တပ်က အောက်စု‌ကျေးရွာကျောင်းထိုင်ဆရာတော်ကို သင်္ကန်းချွတ်ပြီး စစ်ဆေးဖို့ ရှိတာကြောင့်ဆိုကာ အရပ်သား ၆ ယောက်နဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပြီး သြဂုတ် ၄ ရက်အထိ ဘယ်မှာ ဖမ်းထားတယ်ဆိုတာ မသိပါဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က ''အကြမ်းဖက်သမားတွေကို ကျောင်းမှာ လက်ခံထားတယ်လို့ စွပ်စွဲပြီးဖမ်းတာ။ အဖမ်းခံရတဲ့ ဆရာတော်က ကျောင်းထိုင်ဆရာတော်ပါ။ အဲဒီနေ့ တရက်တည်း ဒေသခံ ၆ ယောက်လည်း အဖမ်းခံရတာ''လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းထိုင်ဘုန်းကြီးဟာ ရခိုင်တိုင်းရင်းသားတယောက်ဖြစ်ပြီး စစ်တပ်က အင်အားအများအပြားနဲ့ တော်လှန်ရေးတပ်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတာ လို့ဆိုပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူက  ''အုပ်ချုပ်ရေးဘက်က ထပ်သိရတာကတော့ စစ်ရှောင်တွေ ကိုကျောင်းထဲမှာ လက်ခံပေးထားတာကြောင့်ဖမ်းတာလို့ လည်းသိရတယ်။ ဆရာတော်နဲ့ အရပ်သားတွေနဲ့ ပါဖမ်းတဲ့နေ့ကတည်းက အဆက်အသွယ် ပြတ်နေတာ။”လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သား ၆ ယောက်ဟာ အမျိုးသားတွေဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် တော်လှန်ရေးတပ်တွေနဲ့ အဆက်သွယ်ရှိတာကြောင့်ဆိုပြီး ဖမ်းသွားတာပဲလို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်ဟာ လတ်တလော တိုက်ပွဲဖြစ်နေတဲ့ ဒေသတခုဖြစ်ပြီး စစ်တပ်က အောက်စုကျေးရွာနဲ့ တဆက်တည်း အလယ်ကျွန်း‌ကျေးရွာအောက်ရိုး‌ ကျေးရွာမှာ လူငယ်အများစု မရှိတာကြောင့်အရပ်သား သက်ကြီးပိုင်းတွေ ၅ ယောက်ကို ဖိအားပေး ကင်းစောင့် ခိုင်းထားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013