
အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲံပြီးနောက် အီရန်နိုင်ငံက လေကြောင်းပြေးဆွဲမှုတွေအားလုံး ပြန်ဖွင့်လိုက်ပါတယ်။
အီရန်ဟာ အစ္စရေးနဲ့ ၁၂ ရက်ကြာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် လေကြောင်း ပိတ်ပင်ထားမှုတွေအားလုံး ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း စနေနေ့က ကြေညာခဲ့တာပါ။
အီရန်နိုင်ငံပြည်တွင်း လေကြောင်းအဖွဲ့စည်း CAO က ပြည်တွင်းပြည်ပ လေကြောင်း ပြေးဆွဲမှုတွေအားလုံး စစ်ပွဲမတိုင်မီကအတိုင်း ပုံမှန်လည်ပတ်မှာဖြစ်တယ်လို့ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
တီဟီရန်ရဲ့ မက်ရာဘတ်နိုင်ငံတကာလေဆိပ်မှာ ပုံမှန်အတိုင်းလည်ပတ်မှုတွေ ပြုလုပ်မယ်လို့လည်း အတည်ပြုထားပါတယ်။
“အခုအချိန်ကစပြီး လေကြောင်းလိုင်းတွေအားလုံးနဲ့ ခရီးသွားအေဂျင်စီတွေဟာ ၂၄ နာရီ လေယာဉ်ပျံသန်းတဲ့ ဝန်ဆောင်မှုတွေနဲ့ လက်မှတ်ရောင်းတာတွေ ပြန်ပြီးပြုလုပ်မှာပါ” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အီရန်နိုင်ငံဟာ အစ္စရေးနဲ့ လေကြောင်းတိုက်ပွဲတွေ စတင်ခဲ့ပြီးနောက် ဇွန် ၁၃ ရက်နေ့မှာ လေပိုင်နက်ကို ပိတ်ထားခဲ့တာပါ။
အစ္စရေးက တီဟီရန်နဲ့ တခြားဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ၁၂ ရက်ကြာ တိုက်ပွဲဟာ ဇွန် ၂၄ ရက်နေ့မှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
Source: Reuters