
ဟားမတ်စ်တွေက ၂၀၂၃ အောက်တိုဘာ ၇ ရက်တည်းက ဖမ်းဆီးထားတဲ့ ဓားစာခံ အယောက် ၅၀ ကို လွှတ်မပေးရင် ဂါဇာမှာ ငရဲတံခါးတွေ ပွင့်သွားမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က ဇူလိုင် ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
ဇွန်လက ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ လူနေအိမ် အဆောက်အအုံတွေကို အပြီးဖြိုမချမီ တဲလ်အဗစ်မြို့တောင်ပိုင်းက ဟိုလွန်မြို့မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ကက်ဇ်က ပြောလိုက်တာပါ။
အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား ဒိုဟာမြို့မှာကျင်းပတဲ့ အပစ်အခတ်ရပ်စဲရေး သွယ်ဝိုက်ဆွေးနွေးပွဲကလည်း သဘောတူညီမှုမရဘဲ ပျက်သွားခဲ့ပါတယ်။
အစ္စရေးနိုင်ငံဟာ ဂါဇာကမ်းမြောင်ဒေသက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ရင်ဆိုင်နေရပေမဲ့ အစ္စရေးအစိုးရကတော့ အဲဒီဝေဖန်မှုတွေကို ပယ်ချထားပါတယ်။
Source: Reuters