Home
နိုင်ငံတကာ
ယီမင်က ပစ်လွှတ်သည့် ဒုံးကျည်များကို အစ္စရေး ကြားဖြတ်ဟန့်တား
DVB
·
July 30, 2025
Photo :Reuters

ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစင်းကို အစ္စရေးစစ်တပ်က ကြားဖြတ်ပစ်ချခဲ့ပြီး နိုင်ငံထဲက နေရာအများအပြားမှာ လေကြောင်းသတိပေး ဥသြသံတွေ လွှင့်ထုတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဇူလိုင် ၂၉ ရက်မှာ ပြောပါတယ်။

ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အီရန်နဲ့ မဟာမိတ် ဟူသီတွေဟာ အစ္စရေးကို ပစ်ခတ်ပြီး သင်္ဘောလမ်းကြောင်းတွေကို တိုက်ခိုက်နေတာပါ။

ဂါဇာစစ်ပွဲမှာ အစ္စရေးနဲ့ တိုက်ခိုက်နေတဲ့ ပါလက်စတိုင်းတွေနဲ့ သွေးစည်းတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

သူတို့ပစ်လွှတ်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းအများစုကို အစ္စရေးက ကြားဖြတ် ဟန့်တားခဲ့ပြီး ဆက်တိုက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုအခြေအနေကို ရှောင်ချင်ရင် ဂါဇာမှာ စစ်ပွဲရပ်ဖို့နဲ့ ပါလက်စတိုင်းပိုင်နက်ကို ပိတ်ဆို့ထားတာ ရုပ်သိမ်းဖို့ နိုင်ငံတွေအနေနဲ့ အစ္စရေးကို ဖိအားပေးသင့်တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။

အခုလအစောပိုင်းမှာ ဟူသီတွေက လိုက်ဘေးရီးယားအလံ လွှင့်တင်ထားတဲ့ ဂရိပိုင် သင်္ဘောကြီးတွေဖြစ်တဲ့ Magic Seas နဲ့ Eternity C တို့ကို တိုက်ခိုက်ပြီး နှစ်မြှုပ်ပစ်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း သင်္ဘောအမှုထမ်း ၄ ယောက် သေဆုံးပြီး တခြား ၁၁ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ သင်္ဘောမနစ်မြုပ်မီ Magic Seas က သင်္ဘောသား ၂၂ ယောက်လုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဟူသီအဖွဲ့ဟာ တနင်္လာနေ့ ညနေပိုင်းမှာ ရိုက်ကူးထားတဲ့ Eternity C အဖွဲ့သား ၁၁ ယောက်ကို ပြထားတဲ့ ဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါသေးတယ်။

ဟူသီတိုက်ခိုက်မှု စတင်ပြီးတဲ့နောက် ပထမဆုံးရိုက်တဲ့ ဗီဒီယိုထဲမှာ သင်္ဘောသားတွေကို ခေါ်သွားတဲ့အပြင် သုံ့ပန်းတွေနဲ့ တွေ့ဆုံမေးမြန်းနေတာတွေကိုလည်း ရိုက်ကူးပြသထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ဟူသီသူပုန်တွေဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ သင်္ဘောအစင်း ၁၀၀ ကျော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024