Home
နိုင်ငံတကာ
ဂျပန်တွင် ၃ နှစ်ဆက်တိုက် အပူဆုံးဇူလိုင်လကို ရင်ဆိုင်ရ
DVB
·
August 3, 2025
Photo: Reuters

ဂျပန်နိုင်ငံဟာ ၃ နှစ်ဆက်တိုက် အပူဆုံး ဇူလိုင်လ ရင်ဆိုင်ခဲ့ရပါတယ်။

အပူချိန်မြင့်မားမှုနဲ့အတူ ပုံမှန်ထက် ၁၀ ရာခိုင်နှုန်းနည်းတဲ့ မိုးရွာသွန်းမှုနဲ့ ဆန်ထုတ်လုပ်မှုကိုလည်း ထိခိုက်မှုတွေ ဖြစ်ပေါ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ဖော်ပြပါတယ်။ 

ဇူလိုင်လအတွက် အပူချိန်ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပျမ်းမျှ ၂ ဒသမ ၈၉ ဒီဂရီဆဲစီးယက် အထိရှိပါတယ်။ 

ဒါဟာ အပူချိန်တွေစတင်မှတ်တမ်းတင်တဲ့ ၁၈၉၈ ခုနှစ်နှစ်ကစပြီး စံချိန်တင်အပူချိန်လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ၂ ဒသမ ၁၆၁ ဒီဂရီဆဲစီးယက်ရှိခဲ့ကာ အခုနှစ်ဇူလိုင်လက စံချိန်သစ်ထပ်တင်ခဲ့တာလို့ ဂျပန်မိုးလေဝသအေဂျင်စီ JMA က ပြောပါတယ်။ 

ဒီနှစ်အပူချိန်ဟာ ပုံမှန်မဟုတ်ဘဲ မြင့်တက်ခဲ့တယ်လို့ မိုးလေဝသဌာနက ပြောဆိုထားပြီး ဇူလိုင် ၃၀ ရက်နေ့ အပူချိန်ဟာ ၄၁ ဒသမ ၂ ဒီဂရီနဲ့ တန်ဘာမြို့အပူချိန်က စံချိန်တင်အပူချိန်ဖြစ်ခဲ့ပါတယ်။ 

ဒါဟာ ဂျပန်နိုင်ငံရဲ့ စံချိန်တင်အပူဖြစ်ပြီး ဇူလိုင် ၂၄ ရက်နေ့မှာ ဟိုကိုင်းဒိုရဲ့ တချို့နေရာတွေမှာလည် အပူချိန် ၄၀ ဒီဂရီနီးပါးအထိ မြင့်တက်ခဲ့ပါတယ်။ 

ဒါ့အပြင် ဂျပန်နိုင်ငံရဲ့နေရာ ၄၅၆၅ နေရာမှာ အပူချိန် ၃၅ ဒီဂရီ ဆဲစီးယက်အထိ ရှိခဲ့တာက ၂၀၁၀ ခုနှစ်ကစတင်ပြီး စာရင်းပြုခဲ့တဲ့ အချက်တွေနဲ့ယှဉ်ရင် အမြင့်ဆုံးဖြစ်နေပါတယ်။ 

ဇူလိုင်လထဲမှာ ဂျပန်နိုင်ငံနေရာအများအပြား မိုးရွာခဲ့ပေမဲ့ နှစ်စဉ်ပျမ်းမျှရွာသွန်းမှု တဝက်ထက်တောင် နည်းပါးပါတယ်။ 

JMA မိုးလေဝသရဲ့ ခန့်မှန်းချက်အရ အပူချိန်ဟာ အိုကီနာဝါတောင်ပိုင်းဒေသတွေကလွဲပြီး ဩဂုတ်လအထိ နေရာအများစုမှာ ဆက်ပြီးမြင့်တက်ဖို့ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013