Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်နှင့်အလင်းဝင်လာ
DVB
·
August 3, 2025

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-မန္တလေး လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းတခုကနေ ဇူလိုင် ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် Urban Hunter Force ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို လက်နက်ယူလာပြီး အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ MA 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ 5.56 ကျည် အတောင့် ၄၀ နဲ့အတူ အလင်းဝင်လာတာဖြစ်ပြီး မုံရွာ-မန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းတခုမှာ တပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်နေတာလို့ Urban Hunter Force ရဲ့တာဝန်ရှိသူက ပြောပါတယ်။

“သူက စစ်သားစုဆောင်းခံရလို့ ပါသွားတဲ့သူပါ။ အခုလောလောဆယ်တော့ ကျနော်တို့ ရဲဘော်တွေနဲ့ အတူ ထားထားပါတယ်”

အလင်းဝင်‌ရောက်လာသူကို Urban Hunter Force အဖွဲ့က ဆုကြေးငွေအဖြစ် ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့တဲ့အပြင် စစ်ကောင်စီ လက်အောက်ခံတပ်သားတွေအနေနဲ့လည်း ပြည်သူ့ရင်ခွင်ခိုလှုံပြီး ရုန်းထွက်ဖို့ တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင် ၁၇ ရက်နေ့ကလည်း မုံရွာ-မန္တလေး ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီ အထိုင်စခန်းတခုကနေ ပြည်သူ့စစ်တယောက် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013