
ပါကစ္စတန်အစိုးရက တောင်အာရှနိုင်ငံအတွက် သွင်းကုန်ခွန်လျှော့ချပေးမယ့် အမေရိကန်နဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဇူလိုင် ၃၁ ရက်မှာ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပါကစ္စတန်အစိုးရရဲ့ ရေနံသိုက်တွေ ဖွံ့ဖြိုးတိုးတက်စေရေး အမေရိကန်အစိုးရက ကူညီဆောင်ရွက်မယ့် သဘောတူညီချက်တရပ်ကို ဇူလိုင် ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။အခွန်စည်းကြပ်မှုဆိုင်ရာ သဘောတူညီချက်ကိုတော့ ဖော်ပြမထားပါဘူး။
ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကုန်သွယ်ရေးသဘောတူညီချက်ဟာ အထူးသဖြင့် အမေရိကန်ဆီ ပါကစ္စတန်ရဲ့ တင်ပို့မှုအပေါ် အပြန်အလှန် အကောက်ခွန်တွေ လျှော့ချပေးမယ်လို့ ဇူလိုင် ၃၁ ရက်မှာ ပြောခဲ့ပေမဲ့ ဘယ်လို အခွန်စည်းကြပ်မလဲ ဆိုတဲ့ အသေးစိတ်ကို မဖော်ပြပါဘူး။
ကမ္ဘာ့နိုင်ငံတွေအပေါ် အမေရိကန်အစိုးရက ဧပြီလက ကြေညာခဲ့တဲ့ အခွန်စည်းကြပ်မှုအောက်မှာ ပါကစ္စတန်က အမေရိကန်ဆီကို တင်ပို့တဲ့ ကုန်စည်တွေအပေါ် အခွန် ၂၉ ရာခိုင်နှုန်း တိုးကောက်ဖို့ အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။
နောက်ပိုင်းမှာ အခွန်စည်းကြပ်မှုတွေကို ရက် ၉၀ ကြာ ဆိုင်းငံ့ထားပြီး ညှိနှိုင်းနေခဲ့ပါတယ်။
Source: Reuters