
အမေရိကန်ပြည်ထောင်စု၊ နီဘရာစကာပြည်နယ်ရှိ ဟရိုက်ဇွန် ဇီဝလောင်စာစက်ရုံမှာ ဇူလိုင် ၂၉ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ အရွယ်မရောက်သေးသူ ၂ ယောက်နဲ့ ဝန်ထမ်းတယောက် သေဆုံးခဲ့ပါတယ်။
လောင်စာတောင့်တွေနဲ့ တိရစ္ဆာန်အိပ်ရာတွေကို ထုတ်လုပ်တဲ့ စက်ရုံရဲ့ မျှော်စင်နေရာမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ဒေသခံမီဒီယာတွေရဲ့ အဆိုအရ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ အသက် ၁၂ နှစ်အောက်အရွယ်တွေလို့ ယူဆရတဲ့ မိန်းကလေးငယ် ၂ ယောက်ဟာ ဝန်ထမ်းတယောက်ကို အလုပ်ပြီးချိန်ထိ စက်ရုံထဲမှာ စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃၀ ရက်အထိ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်တွေဟာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters