
အမေရိကန် ဖန်လုံအိမ်ဓာတ်ငွေ့ စည်းမျဉ်းတွေ အားလုံးအတွက် တရားဝင် အခြေခံအုတ်မြစ်ကို ဖယ်ရှားပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ လူသားကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ ကာလရှည်ကြာ တွေ့ရှိချက်ကို ရုပ်သိမ်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရက ဇူလိုင် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ဒီရုပ်သိမ်းချက်ဟာ ကားတွေရဲ့ မီးခိုးထွက်ပေါက်တွေ၊ ဓာတ်အားပေးစက်ရုံ မီးခိုးငွေ့တွေနဲ့ တခြား၀ရင်းမြစ်တွေကနေ ဖန်လုံအိမ်ဓာတ်ငွေ့ ညစ်ညမ်းမှုဆိုင်ရာ လက်ရှိကန့်သတ်ချက်တွေကို အဆုံးသတ်မှာဖြစ်ပြီး ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်ဖို့ အမေရိကန်ရဲ့ အနာဂတ် ကြိုးပမ်းချက်တွေကို အဟန့်အတား ဖြစ်စေမှာပါ။
စွမ်းအင်ဝန်ကြီး ခရစ်ရိုက်ထ်နဲ့အတူ အင်ဒီယားနားပြည်နယ်က ကားရောင်းဝယ်ရေး အရောင်းဆိုင်တခုမှာ အေဂျင်စီရဲ့ စီမံအုပ်ချုပ်သူ လီဇယ်ဒင်က အေဂျင်စီရဲ့ အစီအစဉ်ကို ကြေညာခဲ့ပြီး စွမ်းအင်ဝန်ကြီးက ဒီအရေးကို အမေရိကန်သမိုင်းမှာ အကြီးမားဆုံး တားမြစ်အရေးယူမှုလို့ ခေါ်ဆိုခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ စီးပွားရေးကို ကာကွယ်ဖို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အတွက် အမေရိကန် မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို ထင်ဟပ်စေတယ်လို့လည်း သူကပြောပါတယ်။
Trump EPA မှာ သမ္မတထရမ့်ပ်ရဲ့ ဦးဆောင်မှုအောက်မှာ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့နဲ့ စီးပွားရေး တိုးတက်စေဖို့ ရွေးချယ်တာပါလို့ သူကပြောပါတယ်။
လူသားလှုပ်ရှားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်မှုတွေ၊ မုန်တိုင်းတွေ၊ တောမီးတွေနဲ့ ရေလွှမ်းမိုးမှုတွေ မကြာမကြာဖြစ်နေတယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့ သဘောတူညီချက်က သတိပေးထားပေမဲ့ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရာသီဥတုပြောင်းလဲမှုအပေါ် သံသယဝင်နေတာပါ။
အများသူငါ ထင်မြင်ချက်ပေးရမယ့် ကာလတခုလိုတဲ့ ဒီအဆိုပြုချက်ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ စံချိန်စံညွှန်း အားလုံးကို ဖျက်သိမ်းခြင်းအားဖြင့် နှစ်စဉ် ကုန်ကျစရိတ် ဒေါ်လာ ၅၄ ဘီလီယံ လျှော့ချနိုင်မယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုအပေါ် သက်ရောက်မှုတွေ ပိုပြင်းထန်လာချိန်မှာတောင် ရာသီဥတု ပြောင်းလဲမှုအပေါ် အမေရိကန်က အရေးယူဆောင်ရွက်ဖို့ လမ်းဆုံးခဲ့တဲ့ ဒီလုပ်ရပ်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
Source: Reuters