Home
မြန်မာသတင်း
မူဆယ်-နမ့်ခမ်း လမ်းကို TNLA က ယာယီပိတ်ထား 
DVB
·
July 31, 2025

တရုတ်-မြန်မာ နယ်စပ်မြို့နှစ်မြို့ဖြစ်တဲ့ မူဆယ်နဲ့ နမ့်ခမ်း ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၃၁ ရက်က စတင် ယာယီပိတ်ထားလိုက်ပါတယ်။ 

TNLA နဲ့ နီးစပ်သူတယောက်က “ဇူလိုင်လ ၃၁ ရက်နေ့ ကစပြီး နမ့်ခမ်း-မူဆယ်လမ်း ယာယီပိတ်ထားတယ်နော်။ အသွားအလာ ယာယီပိတ်ထားတယ်” လို့ ပြောပါတယ်။ 

နမ့်ခမ်းမြို့ကနေ မူဆယ်ဘက်အထွက် မန်ခမ်းရွာရှိ TNLA ဂိတ်ကနေစပြီး ပိတ်မှာဖြစ်တာကြောင့် အုပ်ချုပ်ရေး တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေကို အသိပေးပေးဖို့ ပြောလာတယ်လို့ သူက ပြောပါတယ်။

“အချိန် အကန့်အသတ်တော့ မထားထားဘူး။ တကယ်လို့ ခရီးစဉ်ရှိတယ်ဆိုရင် ရက်ရွှေ့ပေါ့။ ပိတ်မှာက မန်ခမ်းဂိတ်ကနေ ပိတ်မှာပေါ့နော်။”

လောလောဆယ် အသွားအလာ ပိတ်ထားမယ်လို့ပဲ သိရပြီး ဘယ်နှရက်ကြာမလဲ ဆိုတာတော့ မသိရလို့ ဖြတ်သန်းခွင့်ပြုတဲ့ အချိန်ကျရင် ပြန်လည်အသိပေးမယ်လို့ သိရတယ်လို့ ဆိုပါတယ်။ 

ဒေသခံ အမျိုးသားတယောက်က “မူဆယ်-နမ့်ခမ်းလမ်း ပိတ်မယ်လို့တော့ ကြားတယ်။ ဘာ‌ကြောင့် ပိတ်တယ် ဆိုတာလည်း မသိရဘူး။ ဘယ်နှရက်ကြာမယ် ဆိုတာလည်း မသိရဘူး”လို့ ပြောပါတယ်။ 

ခရီးသွားပြည်သူတွေနဲ့ ဈေးရောင်း ဈေးဝယ် ဈေးသည်တွေကဝောာ့ သွားလာလို့ မရတော့တာကြောင့် အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။ 

လက်ရှိ မူဆယ် အဝင်အထွက်နဲ့ မူဆယ်မြို့ပေါ်မှာလည်း စစ်ဆေးရေး တင်းကျပ်နေတယ်လို့ ဒေသခံတွေတီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013