Home
မြန်မာသတင်း
အလုပ်သမားအရေး လှုပ်ရှားသည့် STUM အဖွဲ့ဝင် ၁ ဦး ထပ်မံဖမ်းဆီးခံရ
DVB
·
July 30, 2025

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တည်ထောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အဲဒီအဖွဲ့ထဲပါဝင်တဲ့ နောက်တယောက် ဖမ်းဆီးခံရတယ်လို့ သူတို့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

STUM အဖွဲ့ဝင် အမျိုးသားတယောက်ကို ဇူလိုင် ၂၉ ရက်ညက အမြန်လမ်း ဇီးရိုးမိုင်ဂိတ်မှာ ဖမ်းဆီးလိုက်တာလို့ ဒေါ်မျိုးမျိုးအေးနဲ့ ဆက်နွှယ် ဖမ်းဆီးခံရတာ ၈ ယောက်ရှိပြီလို့ ဆိုပါတယ်။

STUM အဖွဲ့နဲ့ နီးစပ်သူတယောက်က “ညကမှ တယောက် ထပ်ပါသွားတာ။ ဘာကြောင့်ဖမ်းတာလဲ ဆိုတာကို အခုထိ မသိရသေးဘူး။ ဒေါ်မျိုးမျိုးအေးရဲ့ အခြေအနေလည်း ဘယ်လိုမှ စုံစမ်းမရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက် ညက နေအိမ်ကနေ ဖမ်းဆီးသွားပြီး ဇူလိုင် ၂၈ ရက် ညမှာ STUM ရုံးကို ဝင်စီးပြီး သမီးဖြစ်သူနဲ့ အဖွဲ့ဝင်၊ ဝန်ထမ်း ၇ ယောက်ကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ဒေါ်မျိုးမျိုးအေးကို ဘာအတွက်ဖမ်းဆီးတယ် ဆိုတာကို စစ်ကောင်စီဘက်က ရှင်းလင်းထုတ်ပြန်တာ မရှိသလို STUM မှာ ပါဝင်နေသူတွေကို ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။

ဒေါ်မျိုးမျိုးအေးဟာ ၂၀၂၁ ခုနှစ်ကလည်း အခုလို ဖမ်းဆီးခံရပြီး ပုဒ်မ၅၀၅(က) နဲ့ အမှုဖွင့်ခံရကာ ၆ လကြာ ထိန်းသိမ်းခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013