Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချ၊ ဇူလိုင်လအတွင်း ဒေါ်လာ ထုတ်ရောင်းမှု စုစုပေါင်း သန်း ၁၅၀ ကျော်ရှိ
DVB
·
July 29, 2025

ဗဟိုဘဏ်က ဇူလိုင်လအတွင်း ၅ ကြိမ်မြောက်အဖြစ် အမေရိကန် ဒေါ်လာ သန်း ၃၀ ထပ်မံထုတ် ရောင်းမယ်လို ဇူလိုင် ၂၈ရက် နေ့က ကြေညာပါတယ်။ အဆိုပါ သန်း၃၀ ကို အဓိကဦးတည် ရောင်းချပေးမှာက စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ Online Trading Platform ကို အသုံးပြုပြီး ဒေါ်လာထုတ်ရောင်းမှုတွေ ဆက်တိုက် ပြုလုပ်နေတာပါ။

အခုဇူလိုင်လအတွင်း စက်သုံးဆီ ကဏ္ဍအတွက် ဗဟိုဘဏ်က ဒေါ်လာ ထုတ်ရောင်း‌မယ့် ကြေညာချက် ၅ ကြိမ်အထိထွက်ခဲ့ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် စုစုပေါင်းထုတ်ရောင်းမယ့် ဒေါ်လာပမာဏဟာ သန်း ၁၅၀ ကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း ဒေါ်လာ ၁၂၅ သန်းကို စက်သုံးဆီလုပ်ငန်းတွေအတွက် ၄ ကြိမ်ခွဲ ရောင်းချခဲ့တာကို ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ ရောင်းဝယ်မှုအတွက် ဗဟိုဘဏ်ရဲ့ Online Trading စနစ်အပေါ် အမေရိကန် တစ်ဒေါ်လာလဲလှယ်နှုန်းကတော့ ၃၆၂၀ ကျပ်ဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ Online Trading စနစ်မှာ ဇူလိုင် ၂၈ ရက်နေ့က အရောင်းအဝယ်လုပ်တဲ့ အမေရိကန် တစ်ဒေါ်လာ ငွေလဲနှုန်းက ၃၆၂၀ ကျပ် ဖြစ်ပါတယ်။

ပြင်ပ ငွေကြေးဈေးကွက်မှာ တော့ အမေရိကန် တစ်ဒေါ်လာ ငွေလဲနှုန်းဟာ ၄၄၇၀ ကျပ်ရှိပြီး ကျပ် ၈၀၀ ကျော် ကွာဟချက်ရှိ‌နေပါတယ်။

‌ပြင်ပဈေးကွက် ဒေါ်လာဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်မှာ ၄၆၀၀ ကျော်ရှိခဲ့ရာက‌နေ ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013