
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ပေါ်မှာ လုံခြုံရေးစတစ်ကာ အသုံးပြုသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အသိပေး ကြေညာပါတယ်။
မြန်မာနိုင်ငံကနေ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ PJ ကိုင်ဆောင်ပြီး ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်သူတွေအနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို မဖြစ်မနေ လျှောက်ထားရလေ့ရှိပြီး ဒီကတ်ပြား ပါမှသာ ပြည်ပနိုင်ငံတွေကို ရောက်တဲ့အချိန်မှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အလုပ်သမားဥပဒေပါ ခံစားခွင့်တွေနဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေမှာ မြန်ဆန်စွာ ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
OWIC ကတ်ထုတ်ပေးရာမှာ အတုတွေ မရှိစေဖို့နဲ့ ပိုမိုလုံခြုံမှု ရှိစေဖို့အတွက် ရည်ရွယ်ပြီး OWIC ကတ်ပေါ်မှာ လုံခြုံရေးစတစ်ကာတွေကို လာမယ့် သြဂုတ် ၁ ရက်ကနေ စတင်ထုတ်ပေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။