
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း နီးပါးမြစ်ကမ်းပေါ်ရှိ ဇာပိုရစ်ချ်ဇီယာ ရှေ့တန်းဒေသအတွင်း ယူကရိန်း အကျဉ်းထောင်တခုကို ရုရှားက ညအချိန် တိုက်ခိုက်ခဲ့တာမှာ လူ ၁၆ ယောက် သေဆုံးပြီး ၃၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဇာပိုရစ်ချ်ဇီယာဒေသ အုပ်ချုပ်ရေးမှူးက ဇူလိုင် ၂၉ ရက်မှာ ပြောပါတယ်။
ယူကရိန်းရဲ့ ပြည်နယ်ပြစ်ဒဏ်ပေးရေးဌာနက ထုတ်ဝေခဲ့တဲ့ ဓာတ်ပုံတွေမှာ တိုက်ခိုက်ခံခဲ့ရတဲ့ အကျဉ်းထောင်ကို ပြသထားတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်ရဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အနီးနားရှိ ကိုယ်ပိုင်နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဇာပိုရစ်ချ်ဇီယာ အုပ်ချုပ်ရေးမှူး အီဗန် ဖက်ဒရော့ဗ်က တယ်လီဂရမ်အက်ပ်မှာ ရေးသား ပြောကြားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ရုရှားက ကျူးလွန်တဲ့ နောက်ထပ် စစ်ရာဇ၀တ်မှုတခုအဖြစ် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ရုံးပိုင်း အုပ်ချုပ်ရေးအရာရှိချုပ် အန်ဒရီယိ ယာမက်ခ်က ရှုတ်ချခဲ့ပါတယ်။
Source: Reuters