
ချက်ကုမ္ပဏီ LPP က ယူကရိန်းစစ်ပွဲမှာသုံးဖို့ ဉာဏ်ရည်တု AI က လမ်းညွှန်တဲ့ ဒရုန်းတွေကို ထုတ်လုပ်နေပါတယ်။
MTS ဒရုန်းကို လူသားအော်ပရေတာတွေက လွှတ်တင်ခဲ့ပေမဲ့ လေထဲရောက်တာနဲ့ ဉာဏ်ရည်တု စနစ်တခုက တာဝန်ကိုလွှဲယူလိုက်ပြီး မြေပုံတွေနဲ့ မြေမျက်နှာသွင်ပြင်ကို နှိုင်းယှဉ်ဖို့ ကင်မရာတွေနဲ့ အာရုံခံကိရိယာတွေကိုသုံးပြီး ဒရုန်းကို ပစ်မှတ်ဆီ ပဲ့ကိုင်မောင်းနှင်ပါတယ်။
AI ရှေ့ပြေးစနစ်ကြောင့် ဒရုန်းဟာ မြေပြင်ကနေ ထိန်းချုပ်မှုမရှိဘဲ GPS မပါဘဲ လမ်းကြောင်းရှာ သွားလာနိုင်တယ်လို့ LPP က ပြောပါတယ်။
ယူကရိန်းမှာ အချက်ပြစနစ်တွေနဲ့ ဂြိုဟ်တုတို့ဆီက အဆက်အသွယ် ပြတ်တောက်မှုတွေကြောင့် GPS နဲ့ အဝေးထိန်းစနစ်တွေဟာ သုံးရခက်ခဲလာနေပါတယ်။
နောက်ထပ်အစီအစဉ်တွေနဲ့အတူ ယူကရိန်းနိုင်ငံဆီ ဒရုန်းရာနဲ့ချီ စေလွှတ်ထားပြီးပြီလို့ LPP က ပြောခဲ့ပါတယ်။
Source: Reuters