
ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးအတွက် နော်ဝေက ရန်ပုံငွေများစွာ ထပ်မံပံ့ပိုးပေးဖို့ အဆင်သင့်ဖြစ်နေပြီး ဒီအခွင့်အရေးအတွက် အလွန်ယုံကြည်ရတဲ့ မိတ်ဖက်ဖြစ်တဲ့ ဂျာမနီနဲ့လည်း တောက်လျှောက် ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်လို့ နော်ဝေဝန်ကြီးချုပ် ယိုနာ့စ် ဂါးရ် စတိုအယ်ရေက ပြောပါတယ်။
အစားထိုးပစ္စည်းတွေကို အတည်ပြုပြီးသွားရင် တိုက်ခိုက်ရေးလက်နက်စနစ်တွေအတွက် ကုန်ကျစရိတ်တွေကို ဝေစုပေးဖို့ နော်ဝေက အဆင်သင့်ပါပဲလို့လည်း ဆိုပါတယ်။
ဂျာမနီဟာ ယူကရိန်းကို ပေးပို့မယ့် ပက်ထရီးယော့ ဒုံးကျည်စနစ်တွေကို အစားထိုးဖို့ အမေရိကန်အစိုးရနဲ့ ဆွေးနွေးနေတယ်လို့ ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မားဇ်က ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းကို ရှိထားပြီးသား ပက်ထရီးယော့ ဒုံးကျည်စနစ်တွေကို ထောက်ပံ့မယ့် ဂျာမနီနဲ့ ဥရောပသမဂ္ဂတို့ကို အမေရိကန်က လက်လွှဲပေးမယ်ဆိုတဲ့ ယေဘုယျ ကတိကဝတ် ရှိထားတယ်လို့ ဂျာမန်အဓိပတိ မားဇ်က ပြောဆိုပါတယ်။
“ကျနော်တို့က ပို့ဆောင်ပေးပြီး အစားထိုးပစ္စည်းတွေကိုလည်း ရရှိမှာဖြစ်ပေမဲ့ လတ်တလောမှာတော့ အဲဒီအစားထိုးပစ္စည်းတွေကို မဝယ်ယူရသေးဘူး။ ကာကွယ်ရေးဝန်ကြီးတွေ အသေးစိတ် အချက်အလက်တွေကို လောလောဆယ် ဆွေးနွေးနေကြပါတယ်” လို့ မားဇ်က ဘာလင်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့တယ်။
ဒီသတင်းစာရှင်းလင်းပွဲက နော်ဝေနိုင်ငံ ဝန်ကြီးချုပ် ယိုနာ့စ် ဂါးရ် စတိုအယ်ရေနဲ့ တွေ့ဆုံပြီးနောက်မှာ ကျင်းပခဲ့တာပါ။
Source: Reuters