Home
နိုင်ငံတကာ
ယူကရိန်း အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီ၏ လုပ်ငန်းများ ထိန်းချုပ်ခံရ
DVB
·
July 29, 2025
Photo: REUTERS/Yurii Kovalenko

ယူကရိန်းနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ထိပ်တန်း စုံစမ်းစစ်ဆေးရေးမှူးက သူ့အေဂျင်စီရဲ့ လုပ်ငန်းတွေကို ရပ်အောင် ကြိုးပမ်းချက်တွေက ဟန့်တားနိုင်မယ်လို့ မမျှော်လင့်ထားကြောင်း ပြောလိုက်ပါတယ်။

အေဂျင်စီရဲ့ အမှီအခိုကင်းမဲ့တဲ့ လွတ်လပ်ရေးကို ထိန်းချုပ်ဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုတ်တရက် လုပ်ဆောင်ခဲ့လို့ စစ်အတွင်း ရှားရှားပါးပါး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။

ယူကရိန်း အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဗျူရို (NABU) ရဲ့ ဒါရိုက်တာ ဆေမန် ခရူဗိုနို့စ်က အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရေး သူ့အေဂျင်စီရဲ့ ကြိုးပမ်းချက်တွေကို ထိန်းချုပ်ဖို့ အခုသီတင်းပတ်အတွင်း အားထုတ်မှုတွေကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ပြောပေမဲ့ ဥပဒေပြုခြင်းရဲ့ နောက်ကွယ်မှာ ရှိနေသူတွေကို နာမည် မဖော်ထုတ်ခဲ့ပါဘူး။

အငြင်းပွားစရာ အစီအမံတွေကို လွှတ်တော်က ခွင့်ပြုပေးလိုက်တာကို ရည်ညွှန်းရင်း “ကျနော်တို့ရဲ့ လွတ်လပ်မှုကို ဖျက်ဆီးဖို့ လူတိုင်းက စည်းလုံးညီညွတ်ကြတယ်” လို့လည်း ခရူဗိုနို့စ်က ရိုက်တာ သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ NABU နဲ့  ညီအစ်မအေဂျင်စီဖြစ်တဲ့ အထူးပြု အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစိုးရရှေ့နေရုံး (SAPO) ရဲ့ လွတ်လပ်မှုကို ပြန်ရယူတဲ့ ဥပဒေကို လွှတ်တော်မှာ တင်သွင်းခြင်းအားဖြင့် တင်းမာမှုတွေ ပြေပျောက်ဖို့ ကြိုးပမ်းပြီးတဲ့နောက် တရက်အကြာမှာ သူက ခုလိုပြောတာလည်း ဖြစ်ပါတယ်။

ဒီအေဂျင်စီ ၂ ခုကို ဇလန်းစကီးက ပေးထားတဲ့ အထွေထွေတရားရေးစနစ်အတွက် လုပ်ပိုင်ခွင့်ပေးရေး ဥပဒေမူကြမ်းကို လွှတ်တော်အမတ်တွေက အမြန် ခြေရာခံပြီးတဲ့နောက် အခုသီတင်းပတ်အတွင်း ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ တခြား ယူကရိန်းမြို့တွေမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။

ဒီလုပ်ရပ်ဟာ ယူကရိန်းနိုင်ငံအတွင်း ရုရှားနဲ့ စစ်ပွဲအတွင်း ဘဏ္ဍာရေးနဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့အဖြစ် အရေးပါတဲ့ အရင်းအမြစ်တခုဖြစ်တဲ့ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံက အလှူရှင်တွေနဲ့ ယူကရိန်းအစိုးရတို့ရဲ့ ဆက်ဆံရေးကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။

ခရူဗိုနို့စ်က ဇလန်းစကီးရဲ့ ပြောင်းပြန်လှန်မှုကို ချီးကျူးပေမဲ့ NABU နဲ့ SAPO အေဂျင်စီတို့ဟာ ရှင်းလင်းဖို့ အနီးကပ် စောင့်ကြည့်နေတဲ့ ကြိုးပမ်းအားထုတ်တဲ့ လုပ်ရပ်တွေကို တည်ငြိမ်စေဖို့ ရည်ရွယ်ပြီး ရပိုင်ခွင့်ရှိတဲ့ အကျိုးစီးပွားတွေအတွက် ဦးစားပေးပစ်မှတ်အဖြစ် ဆက်ရှိနေတုန်းပဲလို့ ပြောပါတယ်။

ယူကရိန်းလွှတ်တော်ဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အထူးအစည်းအဝေးမှာ ဇလန်းစကီးရဲ့ ဥပဒေကြမ်းအသစ်ကို ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အကျင့်ပျက်သူတွေဟာ NABU ကို နှေးကွေးတယ် ဒါမှမဟုတ် ထိရောက်မှုမရှိဘူးလို့ ပြောရင်း ညစ်လုံးတွေပါတဲ့ သတင်းအချက်အလက်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုနေကြတဲ့ အမည်မသိ တယ်လီဂရန် ချန်နယ်တွေမှာ ထိုးစစ်ဆင်နေတာတွေ အရှိန်မြှင့်မှာကို ခရူဗိုနို့စ်က စိုးရိမ်နေပါတယ်။

အေဂျင်စီရဲ့ လုပ်ငန်းကို ဆန့်ကျင်တဲ့ ရင်းမြစ်အတိအကျကို မဖော်ထုတ်ခဲ့ဘဲ သူတို့ဟာ အစိုးရရဲ့ ကိုယ်စားလှယ်အမျိုးမျိုးနဲ့ ဘဏ္ဍာရေးအဖွဲ့တွေ ဖြစ်တယ်လို့သာ ပြောဆိုခဲ့ပါတယ်။

ရုရှားရဲ့ ဖေဖော်ဝါရီ ၂၀၂၂ ကျူးကျော်မှုနောက်ပိုင်းမှာ ယူကရိန်းဟာ သူ့ရဲ့ နိုင်ငံရေးယဉ်ကျေးမှုကို ဆယ်စုနှစ်များစွာ နှောင့်ယှက် ပျံ့နှံ့နေခဲ့တဲ့ အကျင့်ပျက်ခြစားမှုကို အမြစ်ပြတ်ချေမှုန်းဖို့ လှုပ်ရှားမှုကို အရှိန်မြှင့်ခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှု ကင်းစင်ရေးဟာ EU အဖွဲ့ထဲဝင်ဖို့ ယူကရိန်းအစိုးရရဲ့ ကြိုးပမ်းမှုနဲ့ သက်ဦးဆံပိုင် အာဏာရှင်စနစ်နဲ့ ရုရှားအုပ်ချုပ်မှုရဲ့ အမွေအနှစ်ကို ဖျောက်ဖျက်ရေး ကြိုးပမ်းမှုတို့မှာ အရေးကြီးပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013