
စစ်ကောင်စီတပ်က ဇူလိုင် ၃၀ ရက် မနက်အစောပိုင်းမှာ ကွတ်ခိုင်မြို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် အသက် ၇၀ ကျော်အရွယ် အဘွားအိုနဲ့ အသက် ၅ နှစ်အရွယ် ကလေးတယောက် အပါအဝင် ၅ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့က ရာစုသစ် (၂) ဟိုတယ် ဗုံးကြဲခံရတာဖြစ်ပြီး အဲဒီဟိုတယ်နဲ့ ကပ်လျက်ကအိမ် ပျက်စီးသွားပြီး စစ်ရှောင်အဘွားအိုနဲ့ ကလေးတို့ပါ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီအိမ်က မိသားစုဝင်တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရတဲ့သူ ၈ ယောက် ရှိတယ်လို့ ကွတ်ခိုင်မြို့ခံတွေဆီက သိရပါတယ်။
ကွတ်ခိုင်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီကတည်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီက တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ မြို့ရွာတွေကို နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေပြီး ဇူလိုင် ၂၉ ရက်ကလည်း စဉ့်ကူးမြို့နဲ့ မိုးကုတ်မြို့တွေကို ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။