Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်၌ ရေဘေးသင့်ပြည်သူ ၂၀,၀၀၀ ကျော် ပြောင်းရွှေ့ 
DVB
·
July 28, 2025
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ
Photo: ဒေသခံ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ မြစ်ရေတက်လို့ လူဦးရေ ၂ဝ,ဝဝဝ ကျော် ပြောင်းရွှေ့ နေထိုင်နေကြရပြီး စားဝတ်နေရေး အခက်တွေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၂၇ ရက် ညပိုင်းမှာ ရွှေကျင်မြစ်ရေ မြင့်တက်လာတာကြောင့် မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာရဲ့အထက် ၈၃၀ စင်တီမီတာအထိ ရောက်ရှိလာတဲ့အတွက် မြို့ပေါ်ရပ်ကွက် ၈ ခုနဲ့ အနီးအနား ကျေးရွာ ၂၀ ခန့် ရေကြီးနစ်မြုပ်တာ ဖြစ်ပါတယ်။

ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတယောက်က “အခြေအနေက တော်တော်ဆိုးနေပြီ။ ရပ်သစ်မီးပွိုင့်ကနေ တောက်လျှောက် မုခ်ဦးထိ ကျောက်တိုင်နားထိက သွားလို့မရဘူး။ ခါးလောက်ရှိတယ်။ အကုန်လုံးမြုပ်ကုန်ပြီ၊ ပြောင်းကုန်ပြီ၊ ဘုန်းကြီးကျောင်းတွေကို ပြောင်းကုန်ပြီ။ ကယ်ဆယ်ရေးစခန်းတော့ မတွေ့ဘူး။ ကိုယ့်ဟာကိုယ် ပြောင်းကြတာ။ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေကတော့ တတ်နိုင်သလောက် ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်” လို့ ပြောပါတယ်။

လေးအိမ်စု၊ မြင်းစု၊ ကုလရွာ၊ အောင်းကြီးရွာ၊ ရွာသစ်၊ ဝါးတီး၊ သာဂရ၊ ဘမွေးပင်ကျေးရွာတွေမှာ ရေကြီးမှု ဆိုးရွားနေပြီး ဒေသခံတယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ရွှေကျင်မြစ်ရေ တက်နေလို့ ရွှေကျင်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ညောင်ဝိုင်း၊ တရုတ်တန်း၊ ဖွဲကုန်း၊ ပန်းဘဲတန်း၊ မကျည်းတန်း၊ ဇီးတော၊ ပျဥ်းမပင်အောက်ခြမ်း အပါအဝင် ရပ်ကွက် ၈ ခုပါ ရေဝင်နေတာလို့ ဆိုပါတယ်။

အလားတူ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့နဲ့ အနီးအနား ကျေးရွာတွေမှာလည်း ဇူလိုင် ၂၀ ရက်ကစပြီး စစ်တောင်းမြစ်ရေ မြင့်တက်နေရာမှာ ဇူလိုင် ၂၈ ရက် မနက်မှာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁,၀၇၀ စင်တီမီတာကို ကျော်လွန်လာပြီး ၁,၂၂၇ စင်တီမီတာအထိ ရောက်ရှိနေပါတယ်။

မဒေါက်မြို့ပေါ် ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ဘုရားစု၊ အင်းဂပလိပ်၊ ညောင်ပင်ပေါက်၊ အင်းချောင်၊ ဖိုးကုန်း၊ ဇာပြတ်၊ သောင်ကြီး၊ ရေပေါ်သောင် အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော် ရေနစ်မြုပ်နေပြီး လူဦးရေ ၅,၀၀၀ ထက်မနည်း ရေဘေးသင့်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024