Home
နိုင်ငံတကာ
ကမ်းရိုးတန်းတွင် ထိုင်းရေတပ် သင်္ဘော ၈ စင်း တပ်စွဲထားဟု ကမ္ဘောဒီးယား ပြော
DVB
·
July 27, 2025
Photo: Thai Navy Warships Facebook Please credit and share this article with others using this link: https://www.bangkokpost.com/thailand/general/3076030/thai-cambodian-border-clash-enters-third-day. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Bangkok Post PCL. All rights reserved.

ထိုင်းရေတပ်ဟာ ကော်ရွန်ဒေသရှိ ကမ်းရိုးတန်းမှာ သင်္ဘော ၈ စင်း တပ်စွဲထားတယ်လို့ ကမ္ဘောဒီယားနိုင်ငံက ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ခိုက်မှု ၃ ရက်မြောက်နေ့ကို ရောက်လာချိန်မှာ ထိုင်းဘက်က စစ်အင်အားတိုးမြှင့်မှုတွေ ပြုလုပ်လာတာပါ။

စနေနေ့ မနက်အစောပိုင်းမှာ ကမ်းရိုးတန်း ဒေသတွေကို ကမ္ဘောဒီးယားက တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းရေတပ်ကလည်း  ပြောထားပါတယ်။

ထိုင်း-ကမ္ဘောဒီးယား ရှည်လျားတဲ့ နယ်စပ်တလျှောက် တိုက်ပွဲတွေဖြစ်နေပြီး အဲဒီနေရာတွေနဲ့ မိုင် ၆၀ အကွာအဝေး ကမ်းရိုးတန်းဒေသကိုပါ တိုက်ခိုက်ခဲ့တာလို့ ထိုင်းရေတပ်က ပြောပါတယ်။

ကမ္ဘောဒီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ မာလီက ဒီတိုက်ခိုက်မှုတွေကို ကမ္ဘောဒီးယားက စတင်တယ်ဆိုတာ ထိုင်းဘက်က မှားယွင်းတဲ့ ကြေညာမှုဖြစ်ကြောင်း၊ ကမ္ဘောဒီးယားဟာ သားကောင် ဖြစ်ခဲ့ရပြီး လက်တုံ့ပြန်ခြင်းသာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နှစ်ဖက်စလုံးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်အတွက် တိုက်ခိုက်တာဖြစ်ကြောင်း ပြောဆိုထားပြီး အပစ်ရပ်ဖို့နဲ့ ညှိနှိုင်းဖို့တွေ စတင်ဖို့ ပြောဆိုနေပြီလို့ ရိုက်တာက ဖော်ပြပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာကနေ တိုက်ခိုက်မှုတွေ ဖြစ်ပွားတာဟာ အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံချင်း ၁၃ နှစ်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံ ၁၃၀,၀၀၀ ကျော်လည်း စစ်ဘေးရှောင်နေရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်တလျှောက် ၅၀၈ မိုင် ထိစပ်နေပြီး နယ်မြေ မသတ်မှတ်ရသေးတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာ အငြင်းပွားခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် ရှေးဟောင်း တမွန်ထုံးဟိန္ဒူဘုရား ကျောင်းတွေနဲ့ ၁၁ ရာစု ဖရာ့ဝိဟာဘုရားကျောင်းတွေ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အငြင်းပွားမှုဖြစ် ပွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလကလည်း ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား စစ်သား တယောက် သေဆုံးခဲ့ကတည်းက နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးတင်းမာခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024