Home
မြန်မာသတင်း
မန္တလေးနှင့် ၉ မိုင်အကွာရှိ စစ်တပ်စခန်းများကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်
DVB
·
July 22, 2025
Photo: Voice of Mandalay - PDF
Photo: Voice of Mandalay - PDF

မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်နဲ့ ၉ မိုင်ပဲဝေးတဲ့ မြကန်သာရွာက တပ်စခန်းတွေ အပါအဝင် ရွာ ၃ ရွာက စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးအဖွဲ့တွေက  ဇူလိုင် ၂၀ ရက်မှာ သိမ်းပိုက်လိုက်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းရွာနဲ့ မြကန်သာရွာ စစ်ကောင်စီ တပ်စခန်းတွေ အားလုံးကို တိုက်ခိုက် သိမ်းပိုက်လိုက်တာပါ။

အဲဒီထဲမှာ မြကန်သာရွာဟာ မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်မှာပါတဲ့ ချမ်းအေးသာဇံမြို့နယ်နဲ့ ၉ မိုင်ကျော်ကျော်ပဲ ဝေးပါတယ်။

အဲဒီစစ်ကောင်စီစခန်းတွေကနေ ဒရုန်းဂျမ်ဘာကားတစီး၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဗိုလ်ကြီးအဆင့်ရှိသူတယောက် အပါအဝင် သုံ့ပန်း ၁၆ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်း ၁၅ လောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့သူ များတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။

အဲဒီတိုက်ပွဲတွေကို မန္တလေး PDF နဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖ နဲ့ SSTF တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024