မန္တလေး၊ ဂေါဝန်ဆိပ်ကမ်းကနေ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၅ စင်း အပါအဝင် သင်္ဘော ၁၄ စင်းဟာ ဇူလိုင် ၁၇ ရက်နေ့ကစလို့ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတာဖြစ်ပြီး မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကနေ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မြစ်ကြောင်းတလျှောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်ထားတဲ့ တွဲတွန်းသင်္ဘော ၁ စင်း နစ်မြုပ်သွားခဲ့ပြီး စစ်သင်္ဘော ၁ စင်းနဲ့ တခြားတွန်းသင်္ဘော ၂ လည်း မီးလောင်ပျက်စီးတယ်လို့ ထုတ်ပြန်ပါတယ်။






စစ်သင်္ဘောတွေ အထက်ကိုဆန်တက်ရာမြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီက Y-12 လေယာဉ်တွေနဲ့ ထပ်ကြပ်မကွာဗုံးကြဲစောင့်ရှောက်ပေးခဲ့ပြီး ဂျက်ဖိုက်တာ၊ Mi-35 တွေနဲ့ အကြိမ်ကြိမ်ဗုံးကြဲနေတဲ့ကြားက တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
Photo : ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)