Home
မြန်မာသတင်း
TikTok ပေါ်တွင် စစ်ကောင်စီကို ဝေဖန်သည့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
July 21, 2025
Photo: Pain Oo

TikTok ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားတာကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်က အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက် မွန်းလွဲ ၃ နာရီကျော်က ‘yaminLove’ Tiktok အကောင့် ပိုင်ရှင်ဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်က ယမင်း (ခ) လင်းလင်းကို ဖမ်းဆီးခဲ့ပြီး ဇူလိုင် ၂၀ ရက်မှာ ပုဒ်မ ၂ ခုထက်မနည်းတပ်ကာ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက “နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတာတွေကို TikTok ပေါ်မှာ ဝေဖန်ရေးသား ဝါဒဖြန့်နေတယ်ဆိုပြီး ဖမ်းခဲ့တာ။ အခု ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့်ခံထားရပြီ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ၅၀၅(က) နဲ့ ၅၀(ည) စတဲ့ ပုဒ်မ ၄ ခုထက်မနည်းနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူက “CRPH/NUG တွေနဲ့ပါ ပတ်သက်ဆက်နွှယ်နေတယ် ဆိုပြီးတော့ ပုဒ်မတွေ တပ်လိုက်တာ။ အဲဒီအမျိုးသမီးကို ရေးရဲစခန်းမှာ ဖမ်းထားတာလို့ သိရပါတယ်။ အဲဒီရဲစခန်းမှာပဲ အမှုဖွင့်ထားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက ယမင်း (ခ) လင်းလင်းရဲ့ မိသားစုဝင်တချို့ကိုပါ စစ်ဆေးထားပြီး ဖုန်းကို သိမ်းယူထားကာ သူနဲ့ပတ်သက်သူတွေကိုပါ စုံစမ်းထောက်လှမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013