
အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့ ဆီးရီးယားယာယီခေါင်းဆောင် အာမတ်အယ်ရှာရာတို့ဟာ အပစ်ရပ်ရေးအတွက် သဘောတူညီချက်ရခဲ့ကြောင်း အမေရိကန်သံအမတ် တွမ်ဘာရက်က ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပါတယ်။
ဆီးရီးယားအစိုးရတပ်တွေ၊ ဒူရူးတိုက်ခိုက်ရေးသမားတွေ၊ ဘီဒိုအင်မျိုးနွယ်စုတွေကြား ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။
ဒီအပစ်အခတ်ရပ်စဲရေးကို အမေရိကန်နိုင်ငံက ထောက်ခံပြီး တူရကီ၊ ဂျော်ဒန် စတဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း ထောက်ခံတယ်လို့ ဘာရက်က ဆိုရှယ်မီဒီယာ X မှာ ပြောပါတယ်။
“ဒရူး၊ ဘီဒိုအင်နဲ့ ဆီးရီးယားတွေ လက်နက်ချပြီး အခြားမျိုးနွယ်စုတွေနဲ့ စည်းလုံးတဲ့ ဆီးရီးယားအဖြစ် အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆောင်ရွက်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့ အမေရိကန်သံအမတ် ဘာရက်က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
ဒီရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး ဆီးရီးယားအာဏာပိုင်တွေက မှတ်ချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ဒရူးလူငယ်တယောက်ကို ဒမတ်စကပ် ဆီဒါအဝေးပြေးလမ်းမှာ ဘီဒိုအင်မျိုးနွယ်စု လက်နက်ကိုင်တွေက ဓားမြတိုက်ခိုက်ခဲ့ရာကနေ ဒရူးတိုက်ခိုက်ရေးသမားတွေ၊ အစိုးရတပ်တွေနဲ့ ဘီဒိုအင် စစ်သွေးကြွတွေကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဇူလိုင် ၁၆ ရက်ကလည်း အစ္စရေးဟာ ဒမတ်စကပ်နဲ့ ဆီဒါတို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဒရူးစစ်သွေးကြွတွေကို ကာကွယ်ကြောင်း ပြသခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ချက်ချင်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး နာရီးပိုင်းအကြာမှာ ဆီးရီးယား ယာယီအစိုးရနဲ့ ဒရူးလူမျိုးစုခေါင်းဆောင်တို့ဟာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ကြပါတယ်။
Source: Reuters