
တောင်ကိုရီးယားနိုင်ငံ အနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ ၃ ရက်မြောက်နေ့အထိ လူ ၄ ယောက် သေဆုံးခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်မှာ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အစည်းအဝေးကို ကျင်းပခဲ့ပြီး ရနိုင်သမျှ အရင်းအမြစ် အားလုံးကို အသုံးချဖို့ ညွှန်ကြားခဲ့ပါတယ်။
ပျက်စီးဆုံးရှုံးမှုတွေနဲ့ မတော်တဆမှုတွေကို ကာကွယ်ဖို့အတွက် အရင်းအမြစ်တွေကို လုံလောက်ရုံသာမက ပိုပိုလျှံလျှံ ရှိထားသင့်တယ်လို့ အီဂျယ်မြောင်က ပြောကြားလိုက်ပြီး ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေးမှာ အစိုးရရဲ့ အခန်းကဏ္ဍကို မြှင့်တင်ခြင်းနဲ့ ပတ်သက်လို့လည်း ပြောဆိုခဲ့ပါတယ်။
ပြည်ထဲရေးနဲ့ လုံခြုံရေးကို ဗဟိုပြုပြီး ဝန်ကြီးဌာနတိုင်းနဲ့ အဖွဲ့အစည်းတိုင်းဟာ ရနိုင်သမျှ အရင်းအမြစ်တွေနဲ့ စီမံခန့်ခွဲရေးစွမ်းရည် အားလုံးကို စုစည်းထားသင့်တယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားမှာ လူပေါင်း ၅,၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံထားရှိပြီး ၄ ယောက် သေဆုံးကာ တယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဘေးကင်းလုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
နိုင်ငံအနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသ အများစုမှာ မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက်တွေ ဆက်လက် သက်ရောက်နေဆဲဖြစ်ပြီး မိုးလေဝသဌာနက ဇူလိုင် ၁၉ ရက်အထိ မြေပြိုခြင်းနဲ့ ရေကြီးခြင်းတို့ကို အထူးသတိထားဖို့ အကြံပြုထားပါတယ်။
Source: Reuters