Home
မြန်မာသတင်း
ထိုင်းရောက် မြန်မာများအရေး ကူညီပေးရန် ပရဟိတအဖွဲ့များနှင့် အာဏာပိုင်များ ဆွေးနွေး
DVB
·
July 18, 2025
ထိုင်းနိုင်ငံ တာခ်ရိုင် ဒုဝန်ကြီးနဲ့တွေ့ဆုံစဉ်

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ထိုင်း လူမှုရေး ပရဟိတအဖွဲ့တွေက ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာနေတယ်လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ အရပ်ဘက် လူမှုရေးဆောင်ရွက်​နေသူတွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းက လဝက ဦးစီးမှူးတွေ၊ DOE အလုပ်သမားရှာဖွေရေးအဖွဲ့တွေ၊ လူမှုဖူလုံရေးအဖွဲ့တွေနဲ့ တွေ့ဆုံညှိနိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မဲဆောက်မြို့မှာ အရပ်ဖက်လူမှုရေးအဖွဲ့အစည်း လုပ်နေပြီး ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းနေသူ ကိုဖိုးသင်္ကြန်က “ကျနော်တို့ မြန်မာနိုင်ငံမှာ တခုခုဖြစ်တိုင်းဖြစ်တိုင်း ပထမဦးဆုံး ပြောင်းရွှေ့ခိုလှုံလာတာက ထိုင်းကိုပဲ။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေနဲ့ စကားပြောဖို့ တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ကျတော့ မလုပ်ချင်ကြဘူး။ တခြားနိုင်ငံတွေမှာသာ ဆက်ဆံရေးဝန်ကြီးတို့ ဘာတို့ လုပ်ကြတာ၊ အဲဒါကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေးကို ဇွန်လကစပြီး လုပ်ကြတယ်။ ချင်းမိုင်၊ ဘန်ကောက်၊ ထိုင်းနိုင်ငံတောင်ပိုင်းတွေမှာပါ ထားရှိပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး လုပ်ဆောင်နေပြီး သက်ဆိုင်ရာ အောက်ခြေက အဖွဲ့စည်းတွေရော အထက်ပိုင်းက ထိုင်းနိုင်ငံရဲ့ အာဏာပိုင် အဖွဲ့စည်းတွေကိုပါ တွေ့ဆုံညှိနှိုင်း အဖြေရှာ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။

ထိုင်းယာဥ်ထိန်းရဲတွေနဲ့လည်း ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို ပညာပေးလုပ်ဆောင်ဖို့ လုပ်ဆောင်သလို ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး သွေးလှူဒါန်းတာမျိုးတွေ၊ သစ်ပင်စိုက်တာမျိုးတွေ၊ အမှိုက်ကောက်တာမျိုးတွေကို ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံသားတွေအပေါ်မှာ ထိုင်းနိုင်ငံသားတွေ အမြင်ကြည်လင်မှုတွေ ရှိလာအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးနယ်ပယ်က အဖွဲ့အစည်းအသီးသီး ပါဝင်လုပ်ဆောင်နေတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နေတာဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာရှိတဲ့ လူဝန်မှုကြီးကြပ်ရေး ဒုဝန်ကြီးနဲ့ပါ တွေ့ဆုံညှိနှိုင်း အဖြေရှာတာတွေ ပြုလုပ်နေပြီး နောက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို အမြန်ဆုံး ကျော်လွှာနိုင်ဖို့အတွက် လုပ်ဆောင်နေတာလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024