Home
သတင်းဓာတ်ပုံ
မဲဆောက်အခြေစိုက် ကလေးသူငယ်များနှင့် အမျိုးသမီးများ လူမှုစောင့်ရှောက်ရေးအဖွဲ့ကို ဂျပန်က ကျောင်းကား ၂ စီး လှူဒါန်း  (ဓာတ်ပုံ) 
DVB
·
July 18, 2025
Photo: ဖိုးစီ- DVB
Photo: ဖိုးစီ- DVB
Photo: ဖိုးစီ- DVB
Photo: ဖိုးစီ- DVB
Photo: ဖိုးစီ- DVB
Photo: ဖိုးစီ- DVB
Photo: ဖိုးစီ- DVB
Photo: ဖိုးစီ- DVB
Photo: ဖိုးစီ- DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အခြေစိုက် ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ရုံးကို ဂျပန်အစိုးရက ထောက်ပံ့တဲ့ ကျောင်းကား ၂ စီး လာရောက် ပေးအပ်တဲ့အခမ်းအနားကို  မဲဆောက်မြို့မှာ ဇူလိုင် ၁၈ ရက် ဒီကနေ့ ကျင်းပပါတယ်။

ဂျပန်နိုင်ငံ အစိုးရရဲ့ ပညာရေးပရဟိတအဖွဲ့တွေအတွက် ထောက်ပံ့ခြင်းအစီအစဉ်အရ ဘတ်ငွေ ၁၀ သိန်းကျော်တန်ဖိုးရှိသော ကျောင်းသွား၊ ကျောင်းပြန် သယ်ပို့ကား ၂ စီးကို လာရောက် ထောက်ပံ့ခဲ့တာလို့  SAW အဖွဲ့ ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပါတယ်။

SAW အဖွဲ့ဟာ နယ်စပ်ဒေသရှိ မြန်မာနိုင်ငံက  မိဘမဲ့ကလေးတွေ၊ စွန်ပစ်ခံကလေးတွေ၊ လူကုန်ကူးခံရတဲ့ ကလေးတွေအပါအဝင် အကူညီမဲ့နေတဲ့ အမျိုးသမီးတွေအတွက် ပညာရေးနဲ့ လူမှုကူညီစောင့်ရှောက်ပေးနေတာ ဆယ်စုနှစ် ၂ ခုကျော် ရှိနေပြီဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013