Home
သတင်းဓာတ်ပုံ
ရိုဟင်ဂျာ ဓာတ်ပုံပြပွဲ ချင်းမိုင်တွင်ပြုလုပ် (ဓာတ်ပုံ) 
DVB
·
July 18, 2025
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB
Photo: စောမင်းသိန်း- DVB

Ek Khaale - တရံရောအခါကလို့ အမည်ရတဲ့ ဓာတ်ပုံပြပွဲကိုတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ပြင်သစ်ယဉ်ကျေးမှုဌာနမှာ ဇူလိုင် ၉ ရက်ကနေ ၁၉ ရက်ထိ ၁၀ ရက်ကြာ ပြသနေပါတယ်။

ဒီပရောဂျက်ကို မှတ်တမ်းဓာတ်ပုံဆရာ ဂရက်ကွန်စတန်တင်းက ၂၀၂၀ ပြည့်နှစ်မှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေနဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ မလေးရှားနဲ့ ဥရောပတို့မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ ပူးပေါင်းပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ကွန်စတန်တင်း က “ဒီစီမံကိန်းက ဇာတ်ကြောင်းတခု ပြောပြဖို့ ကြိုးစားနေတာပါ။ မြန်မာနိုင်ငံသားအားလုံး၊ ရိုဟင်ဂျာအပါအဝင် လူတိုင်းမှာ ဘုံသမိုင်းကြောင်း၊ ဘုံလက္ခဏာတွေ ရှိတယ်ဆိုတာ ရုပ်ပုံတွေကတဆင့် ပြသပြီး အားလုံးကြား စည်းလုံးညီညွတ်တဲ့ နေရာတခု ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါဟာ ဒီစီမံကိန်းကို ပထမဆုံးအကြိမ်အနေနဲ့ ဒစ်ဂျစ်တယ်ပုံစံကနေ နံရံပေါ်မှာ ပြသနိုင်တဲ့ ပြပွဲဖြစ်ပါတယ်” လို့ဆိုပါတယ်။

Ek Khaale ဆိုတာကတော့ ရိုဟင်ဂျာဘာသာစကားဖြစ်ပြီး “တရံရောအခါက” လို့ အဓိပ္ပာယ်ရပါတယ်။

ဒီပရောဂျက်ကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမှုအသိုင်းအဝန်းနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရတွေရဲ့ မှားယွင်းတဲ့ သတင်းမှား ဖြန့်ဝေမှု‌တွေကို တန်ပြန်တဲ့ သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကြောင်းတခုလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013