Home
သတင်းဓာတ်ပုံ
ပန်းပွင့်၊ သစ်ရွက်ဖြင့် ဖန်တီးထာသည့် ပန်းချီလက်ရာများ  ချင်းမိုင်တွင်ပြသ (ဓာတ်ပုံ) 
DVB
·
July 8, 2025
Photo: စောမင်းသိန်း
Photo: ကျော်စိုးလတ်
c9
c8
c7
c6
Photo: စောမင်းသိန်း
Photo: စောမင်းသိန်း
Photo: စောမင်းသိန်း
Photo: စောမင်းသိန်း
Photo: စောမင်းသိန်း

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ The Commune CNX မှာ “Together” လို့ အမည်ပေးထားတဲ့ Pressed Flower Art အနုပညာပြပွဲကို ဇူလိုင် ၇ ရက်က စတင်ပြီး ပြသနေပါတယ်။

ဒီပြပွဲကိုတော့ ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၇ ရက်မှာ  စတင်ပြသတာလည်း ဖြစ်ပါတယ်။

ဒီပြပွဲမှာတော့ တော်လှန်အနုပညာရှင်တွေ ဖန်တီးထားတဲ့ ပုန်ကန်တော်လှန်ခဲ့သူတွေရဲ့ ပုံရိပ်တွေကို ပန်းပွင့်၊ သစ်ရွက်တွေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ Pressed Flower Art ပန်းချီလက်ရာ ၄၀ ကျော်ကို ပြသထားပါတယ်။

ပြပွဲ စီစဉ်သူ ကိုမင်းသက်ထက်အောင်က “ဇူလိုင် ၇ ရက်နေ့ဆိုတာ သမိုင်းဝင်တဲ့ နေ့တနေ့ဖြစ်တယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်၊ ရန်ကုန်မှာ အာဏာရှင်တွေက ကျနော်တို့ရဲ့ ကျောင်းသားလူငယ်တွေကို ရက်ရက်စက်စက် သွေးချောင်းစီး သတ်ဖြတ်ခဲ့တယ်။ အဲ့ဒီနေ့ကို အမှတ်ရသင့်တယ်၊ မမေ့သင့်ဘူး။ နောက်ပြီး ဒီမှာ (နွေဦးတော်လှန်ရေးမှာ) ကျဆုံးသွားခဲ့တဲ့ လူငယ်တွေကိုလည်း ဂုဏ်ပြုသင့်တယ်။ ဒါကြောင့် Together ဆိုတဲ့ အမည်နဲ့အတူ ချင်းမိုင်မှာ အမှတ်တရနေ့အဖြစ်ရော ဂုဏ်ပြုတဲ့နေ့အဖြစ်ရော လာပြီးတော့ ကျင်းပတာပါ။ ဒါ့အပြင် ကျနော်တို့က ဒီအာဏာရှင်ကို တော်လှန်တဲ့အခါ တွန်းလှဲနိုင်ဖို့ ရှိသင့်ရှိထိုက်တဲ့ ခွန်အားတွေ၊ ငွေကြေးတွေ၊ ရိက္ခာတွေ လိုပါတယ်။ ကျနော်တို့က အဲ့ဒီအတွက် ဒီပွဲကို ဂုဏ်ပြုမှုနဲ့အတူ  ရန်ပုံငွေရှာပွဲလုပ်ပြီး ဒီပွဲကို ကျင်းပတာပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီပြပွဲမှာ ပြသထားတဲ့ ပန်းချီတွေကို ရောင်းချသွားမှာ ဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို Cobra column 2 Venom၊ Cobra ခွဲ ၅ နဲ့ KNDF/SSNDF တပ်ဖွဲ့တွေဆီကို ထောက်ပို့သွားမှာ ဖြစ်ပါတယ်။

“Together” ပန်းချီပြပွဲမှာ ပန်းနဲ့ သစ်ရွက်ပန်းချီ ပုံတူ အော်ဒါတွေကို စာရင်းပေးသွင်းပြီး အပ်နိုင်သလို ၅ ရက်အတွင်း ရေးဆွဲပြီးတော့ ပြန်လည်ပေးပို့သွားမှာလည်း ဖြစ်ပါတယ်။

ဒီပြပွဲကိုတော့ ဇူလိုင် ၇ ရက်ကနေ ၁၀ ရက်နေ့အထိ The Commune CNX မှာ ပြသမှာ ဖြစ်ပြီး မနက် ၁၀နာရီကနေ ည ၉ နာရီအထိ လာရောက်ကြည့်ရှုနိုင် ပါတယ်။

စောမင်းသိန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013