Home
မြန်မာသတင်း
ချင်းမိုင် မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ဆိုင်ကယ်ဝယ်ရန် အစမ်းစီးကြည့်ပြီး ထွက်ပြေး 
DVB
·
June 30, 2025
Photo: Chiangmai News

ထိုင်းမြောက်ပိုင်း ချင်းမိုင်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ယောက်ဟာ တပတ်ရစ် ဆိုင်ကယ် ဝယ်ယူဖို့ အစမ်းစီးကြည့်မယ်ဆိုပြီး ပြန်မလာတော့ဘဲ ထွက်ပြေးသွားတယ်လို့ ချင်းမိုင် နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက တပတ်ရစ်ဆိုင်ကယ်ရောင်းလိုသူတဦးဟာ အမည်မသိ ဝယ်လိုသူ တဦးနဲ့  ချိတ်ဆက်မိတယ်၊  ဆိုင်ကယ်ကြည့်ဖို့အတွက် ပြီးခဲ့တဲ့ ဇွန် ၂၈ ရက် မနက် ၉ နာရီလောက်က ချင်းမိုင်-နောင်ဟွိုင်ရပ်ကွက် ဆဲဗင်းအလဲဗင်းကုန်စုံဆိုင်ရှေ့မှာ ချိန်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်ဝယ်မယ့်သူဟာ ဆိုင်ကယ်ကောင်း၊ မကောင်း အစမ်းစီးကြည့်မယ်လို့ပြောပြီး ထွက်သွား တာ ပြန်မလာတော့တာကြောင့်  ဆိုင်ကယ်ပိုင်ရှင်က မဲ့ပင်းနယ်မြေရဲစခန်းမှာ သွားရောက် တိုင်တန်းခဲ့ပါတယ်။ 

ရဲစခန်းက  သူနဲ့ပတ်သက်တဲ့ အထောက်အထားက‌နေ စုံစမ်းကြည့်ရာမှာတော့ ချင်းမိုင်-ဒွိုင်စကစ်မှာ နေထိုင်သူ Mr. Sai Lu ဆိုသူ အသက် ၃၆ နှစ်ရွယ် မြန်မာရွှေ့ပြောင်းလုပ်သား ဖြစ်တယ်လို့ သိရတာကြောင့် ဒွိုင်စကစ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း စုံစမ်းရှာဖွေရာမှာ နေ့မကူးခင် အချိန် ၁၅ နာရီအတွင်း  ဒွိုင်စကစ်မြို့နယ် ခြံစောင့်တဲတခုမှာ ခိုးယူသွားတဲ့ အပြာနဲ့ အဖြူရောင်စပ် ယာမဟာ ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ မဲ့ပင်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

တရားခံက သူဟာ ခြံစောင့်အလုပ်လုပ်ရင်း  ဆိုင်ကယ်လိုချင်တယ်၊ တပတ်ရစ်ဆိုင်ကယ် ဝယ်ချင်ပေမဲ့ ငွေမရှိလို့ ကြံမိကြံရာ လုပ်ရတာလို့ ဝန်ခံသွားပါတယ်။ တာဝန်ရှိသူက သူ့ကို ဆိုင်ကယ်ခိုးမှုနဲ့ အပြစ်ပေးအရေးယူသွားမယ်လို့ ပြောပါတယ်။ 

Source: Chiangmai News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013