Home
နိုင်ငံတကာ
၁၁၄ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမား ကားတိုက်ခံရပြီး သေဆုံး 
DVB
·
July 16, 2025
Photo :Reuters

အသက် ၁၀၀ ကျော်လာပြီးတဲ့နောက် မာရသွန်ပြေးပွဲကို ယှဉ်ပြိုင်နေဆဲ ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမား ဖော်ဂျားဆင်းဂ်ဟာ အသက် ၁၁၄ နှစ်အရွယ်မှာ တနင်္လာနေ့က ကားတိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ အိန္ဒိယရဲတွေက ပြောပါတယ်။

သူဟာ ၁၉၁၁ ခုနှစ်က အိန္ဒိယနိုင်ငံ ကျေးလက်ဒေသမှာ မွေးဖွားခဲ့ပြီး နောက်ပိုင်းမှာ လန်ဒန်ကို ပြောင်းသွားခဲ့တာပါ။ သူဟာ အသက် ၈၀ နှောင်းပိုင်းမှာ မာရသွန်အပြေးပြိုင်ပွဲကို စပြီး ဝင်ပြိုင်ခဲ့ပြီး ခေါင်းပေါင်းနဲ့ လေဆင်နှာမောင်းဆိုတဲ့ နာမည်ပြောင်ကို ရခဲ့ပါတယ်။

ဖော်ဂျားဆင်းဂ်ဟာ  ၂၆ ဒသမ ၂ မိုင် ရှည်တဲ့ မာရသွန်အပြေးပြိုင်ပွဲ ၉ ခုကို ပြီးမြောက်တဲ့အထိ ပြေးခဲ့သူပါ။ ဒါပေမဲ့ သူ့မှာ မွေးစာရင်းမရှိလို့ ကမ္ဘာ့အသက်အကြီးဆုံး မာရသွန်အပြေးသမားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်ကို မရခဲ့ပါဘူး။

အိန္ဒိယအနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က ဇာတိရွာ ဘီယာ့စ်နားက လမ်းပေါ်မှာ မောင်းသူဘယ်သူမှန်း မသိရတဲ့ ယာဉ်တစီးက သူ့ကို ဝင်တိုက်မိခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

ဦးခေါင်းနဲ့ နံရိုးတွေ ဒဏ်ရာရထားတဲ့ သူ့ကို ဂျာလန်ဒါခရိုင်က စရီမန်ဆေးရုံဆီ ပို့ခဲ့တယ်လို့ ဂျာလန်ဒါ အကြီးတန်း ရဲအရာရှိ ဟာဗင်ဒါ ဆင်းဂ်က ပြောပါတယ်။

“ယာဉ်ကို ဖော်ထုတ်ဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ယာဉ်ကို ခြေရာခံဖို့ ဧရိယာအတွင်း CCTV မှတ်တမ်းတွေကို သုံးနေပြီး အဲဒီအတွက် အလုပ်အဖွဲ့တွေကို လွှတ်ထားပါတယ်” လို့ ကြီးကြပ်ရေးမှူးက CNN သတင်းဌာနကို ပြောပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒြာမိုဒီက ဆင်းဂ်ကို “မယုံနိုင်လောက်စရာ စိတ်ပိုင်းဖြတ်မှုရှိတဲ့ ထူးခြားတဲ့ အားကစားသမား” လို့ ခေါ်ပြီး နိုင်ငံတဝန်း ဂုဏ်ပြုပွဲတွေကို ဦးဆောင်ကျင်းပခဲ့ပါတယ်။

ဆင်းဂ်ဟာ ဇနီးနဲ့ သား သေဆုံးပြီးတဲ့နောက် အင်္ဂလန်ကို ပြောင်းရွှေ့သွားခဲ့ပြီး အသက် ၈၉ နှစ်အရွယ်မှာ မာရသွန်ပြေးပွဲမှာ စပြီး ဝင်ပြေးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013