Home
မြန်မာသတင်း
စဉ့်ကူးတွင် လမ်းပေါ်တက် ငွေတောင်းသည့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကားတိုက်ခံရပြီး သေဆုံး
DVB
·
January 23, 2024
sint 2312024

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ လျှပ်စစ်ရုံးအနီးက စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်မှာ လမ်းပေါ်တက် ငွေတောင်းနေတဲ့ ရဲတဦးကို ဘုန်းကြီးတပါး မောင်းနှင်လာတဲ့ကားနဲ့ ဝင်တိုက်မိပြီး ရဲသေသွားတာကြောင့် ယာဉ်မောင်းသူ ဘုန်းကြီး ဖမ်းဆီးခံထားရတယ်လို့ စဉ့်ကူးဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါရဲဟာ အရက်မူးနေကာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးဒေသခံတဦးက “ခမ်းပါးရွာ အာစာရကျောင်းတိုက်က၊ ဘွဲ့အမည်တော့ မသိဘူး၊ လက်ပံလှအသွားကို ဖြစ်တာ။ အဲဒီနေရာက ခဏခဏဖြစ်တယ်။ ဖြစ်တာတွေလည်း ပွဲချင်းပြီးတာများတယ်” လို့ ပြောပါတယ်။

မန္တလေး-စဉ့်ကူး ကားလမ်းကြောရှိ စဉ့်ကူး-လက်ပံလှ လမ်းခွဲဂိတ်၊ ပင်လယ်ကြီးဂိတ်နဲ့ လက်ပံလှ လျှပ်စစ်ရုံးနားက စစ်ဆေးရေးဂိတ်တွေဟာ စစ်အုပ်စုရဲ့ စစ်ဆေးမှုနဲ့ ငွေကြေးတောင်းခံမှု ဆိုးဝါးတဲ့ဂိတ်တွေ ဖြစ်တယ်လို့ လက်ပံလှရွာသားတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဘုန်းကြီးကိုတော့ မြို့နယ် သံဃနာယကဆရာတော်တပါးပဲ တွေ့ခွင့်ပေးပြီး တခြား ဘယ်သူနဲ့မှ အတွေ့မခံဘူးလို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013